ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါငံခါး ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်းဝင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး (၄)ချက် ပစ်ခတ်

Photo:  ဒီးမော့ဆို PDF
Photo: ဒီးမော့ဆို PDF
ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါငံခါး ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်းဝင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး (၄)ချက် ပစ်ခတ်
ဖေဖော်ဝါရီ 15, 2022 | ကယား

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့၌ အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် (၄) လုံး ဒေါငံခါးရပ်ကွက်ရှိ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်း ကျရောက်သည်ဟု ဒီးမော့ဆို PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဘာသာရေးအဆောက်အဦး(၁)လုံး လက်နက်ကြီးထိမှန်ခဲ့သည့်အပြင် အိမ်သာ(၁)လုံးကိုလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းအပြင်  ဒီးမော့ဆိုမြို့နယ်၊ ဒေါငံရောက်ကျေးရွာတွင်လည်း နေအိမ် (၁) လုံးကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့သွားကြကြောင်း သိရပြီး ဖေဖော်ဝါရီလ(၁၃)ရက်ကလည်း ငွေတောင်ဆည်အနီးမှ နေအိမ် (၃) လုံးကို မီးရှို့ခံခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်လှုပ်ရှားနေရာများဖြစ်သော ငွေတောင်၊  ဒေါခလိုက်လင်း၊  အောင်ချမ်းသာ၊  ရွှေယောက်ရပ်ကွက်တို့တွင် ပြည်သူများ စစ်ဘေးရှောင်နေကြရပြီး ကျန်ခဲ့သည့်နေအိမ်များကို အာဏာသိမ်းတပ်က မကြာခဏမီးရှို့ခြင်း၊ ပစ္စည်းများ ဖေါက်ထွင်းယူဆောင်ခြင်းတို့ကြောင့် နေရပ်စွန့်ခွာပြည်သူ့နေအိမ်များစွာ ပျက်စီးဆုံးရှုံးမှုဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။