ရေခပ်ဆင်းလာသည့်  အာဏာသိမ်းစစ်အုပ်စု၏တပ်ဖွဲ့ကို KNDF နှင့် KA တို့ ပူးပေါင်းတိုက်ခိုက်၊ စစ်အုပ်စုဘက်က (၁)ဦး သေဆုံး 

Photo: KNDF B15
Photo: KNDF B15
ရေခပ်ဆင်းလာသည့်  အာဏာသိမ်းစစ်အုပ်စု၏တပ်ဖွဲ့ကို KNDF နှင့် KA တို့ ပူးပေါင်းတိုက်ခိုက်၊ စစ်အုပ်စုဘက်က (၁)ဦး သေဆုံး 
ဖေဖော်ဝါရီ 18, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်အတွင်း၊ ဖရူဆိုမြို့နယ်၊ မာခရောရှေ့ကျေးရွာရှိ  အာဏာသိမ်းစစ်အုပ်စု၏ ခြေကုပ်စခန်းမှ ကျေးရွာတွင်း ရေထွက်ပေါက်သို့ ရေခပ်ဆင်းလာသော အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲ့ကို တိုက်ခိုက်ရာ (၁)ဦး သေဆုံးသည်ဟု  KNDF B - 15 က သတင်း ထုတ်ပြန်ထားသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ( Karenni Nationalities Defense Force - KNDF )၏ တပ်ရင်း(၁၅) နှင့် ကရင်တပ်မတော် (  Karenni Army - KA ) တို့ပူးပေါင်းပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက် ( ၁၁) နာရီဝန်းကျင်အချိန်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆို ဖေဖော်ဝါရီလ(၁၇)ရက်နေ့က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

မာခ​ရောရှေ့ကျေးရွာတွင်း အာဏာသိမ်းစစ်အုပ်စု၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိမှန်ပျက်စီးခဲ့ရသည့် ဒေသခံ နေအိမ် 

အဆိုပါ တိုက်ပွဲမှာ (၁)နာရီနီးပါး ကြာမြင့်ခဲ့ရာ အာဏာသိမ်းစစ်အုပ်စုဖက်မှ (၁)ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ဖရူဆိုမြို့နယ် အခြေစိုက် အာဏာသိမ်းစစ်အုပ်စု၏ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းမှ အင်အား (၆၀)ခန့်ပါ စစ်ကြောင်းမှာ နံနက်ပိုင်း (၇)နာရီဝန်းကျင် အချိန်တွင် မာခရောရှေ့ကျေးရွာရှိ  ခြေကုပ်စခန်းသို့ ရိက္ခာပို့ဆောင်ခဲ့အပြီး နေ့လည်ပိုင်းတွင် ထိတွေ့မှုများ ဖြစ်ပွါးခဲ့သေးသည်ဟု သိရသည်။

မာခ​ရောရှေ့ကျေးရွာတွင်း အာဏာသိမ်းစစ်အုပ်စု၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိမှန်ပျက်စီးခဲ့ရသည့် ဒေသခံ နေအိမ် 

၎င်းထိတွေ့တိုက်ပွဲများအ​ပြီး အာဏာသိမ်းစစ်အုပ်စုဖက်မှ လက်နက်ကြီးများ အဆမတန် အသုံးပြု ပစ်ခတ်ခဲ့သောကြောင့် မာခ​ရောရှေ့ကျေးရွာတွင်းရှိ ဒေသခံပြည်သူ၏ နေအိမ်တစ်လုံး ထိမှန်ပျက်ဆီးခဲ့ရပြီး ကရင်နီးပူးပေါင်းတပ်ဖွဲ့ဖက်မှ အထိအခိုက်မရှိ ဆုပ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။