လွိုင်လင်လေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ တပ်များက နေအိမ်များထိ ကြက်/ဘဲများကို ဝင်ခိုးနေ

 လွိုင်လင်လေးမြို့  လင်ဖုံကြီးကျေးရွာတွင် ကြက်/ဘဲ ခိုးယူနေစဉ်
လွိုင်လင်လေးမြို့ လင်ဖုံကြီးကျေးရွာတွင် ကြက်/ဘဲ ခိုးယူနေစဉ်
လွိုင်လင်လေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ တပ်များက နေအိမ်များထိ ကြက်/ဘဲများကို ဝင်ခိုးနေ
ဇွန် 23, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း လွိုင်လင်လေးမြို့  လင်ဖုံကြီးကျေးရွာနားတွင် ဇွန်လ (၂၃)ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ် များ ရောက်ရှိလာပြီး ရွာထဲရှိ နေအိမ်များအတွင်း ရှိ ကြက်၊ ဘဲများအား ပေါ်တင် ဖမ်းဆီးခိုးယူခြင်းများ လုပ်နေကြောင်း သိရသည်။ 

 လွိုင်လင်လေးမြို့  လင်ဖုံကြီးကျေးရွာတွင် ကြက်/ဘဲ ခိုးယူနေစဉ်

ဇွန်လ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ တပ်ဖွဲ့ အင်အား (၂၀၀)ခန့်မှ ခြေလျင်ဖြင့် လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာမှ လွိုင်လင်လေး မြို့ဖက်သို့ ဦးတည်ကာ ခြေလျင်ဖြင့်ရောက်ရှိလာခြင်း ဖြစ်ပြီး အင်အား (၇၀)ခန့်မှာ လင်ဖုံကြီးကျေးရွာတွင် တပ်ဆွဲ၍  အိမ်မွေးတိရိစ္ဆာန်များအား ပေါ်တင်ခိုးယူ ဖမ်းဆီးနေကြောင်း သိရသည်။ 

 လွိုင်လင်လေးမြို့  လင်ဖုံကြီးကျေးရွာတွင် ကြက်/ဘဲ ခိုးယူနေစဉ်

" အင်အားတော့အများကြီးပဲ။ ရွာထဲက ဘုန်ကြီးကျောင်းမှာ တပ်ဆွဲထားတယ်။ ရွာထဲမှာတွေ့တဲ့ကြက်ကို ပိုင်ရှင်လည်း မပြောဘူး။ ခြံထဲမှာဝင်ပြီး ကြက်တွေ ဝင်ဖမ်းနေတယ် ။ တောင်းတာလည်း မဟုတ်ဘူး ခပ်တည်တည်ပဲ ကြက်တွေ ဝင်ဖမ်းတာ။  ဒီည ရွာမှာ ညအိပ်တပ်စွဲမယ် ပြောတယ်။ ဒေသခံတွေက အရမ်းစိုးရိမ်ပြီးကြောက်နေတယ်"ဟု  ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

လွိုင်လင်လေးမြို့မှာ ကယား - ရှမ်းနယ်စပ်တွင် တည်ရှိသည့် လွိုင်ကော်မြို့၏ မြို့နယ်ခွဲမြို့ဖြစ်ပြီး ဇွန်လ(၂၃)ရက်နေ့တွင် စစ်ကောင်စီတပ်များမှ အင်အားအများအပြား​နှင့် ခြေလျင်ခရီးဖြင့် လွိုင်လင်လေးမြို့ထဲတွင် လှည့်လည်နေပြီး အနီးအနားရွာများတွင် တပ်စွဲ ရပ်နားနေကြကြောင်း သိရသည်။ 

လွိုင်လင်လေးမြို့နယ်ရှိ ကယား - ရှမ်းနယ်စပ် ထီးစဲခါး ဂိတ်တွင်လည်း စစ်ကောင်စီတပ်များမှ အင်အားတိုးချဲ့၍ တပ်စွဲထားပြီး အနီးနား ဝန်ကျင်ကျေးရွာများထိပါ ခြေလျင်တပ်များမှ လှည့်လည်သွားလာနေကြောင်း သိရသည်။

 #TachileikNewsAgency

Photo: CJ