ကယားပြည်နယ် မော်ချီးဒေသအတွင်း အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသည့် နေရာတွင် မြေပြိုမှုကြောင့် နေအိမ်အချို့နှင့်လမ်းများ ပျက်စီး
ကယားပြည်နယ် မော်ချီးဒေသအတွင်း အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသည့် နေရာတွင် မြေပြိုမှုကြောင့် နေအိမ်အချို့နှင့်လမ်းများ ပျက်စီး
သွဂုတျ 25, 2019
By Tachileik News Agency
ကယားပြည်နယ် ၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် သြဂုတ်လ (၂၄)ရက်နေ့ကစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် အန္တရာယ်ဇုန် သတ်မှတ်ထားသော နေရာများတွင် မြေပြိုကာ  နေအိမ်အချို့နှင့် လမ်းများပျက်စီးသွားသည့်အပြင် သွားလာရခက်ခဲနေကြောင်း သိရသည်။
သြဂုတ်လ(၂၄)ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မော်ချီးမိုင်းတွင်းဒေသရှိ လူနေထိုင်သော နေရာလေးနေရာဝန်းကျင်တွင် မြေပြို၍ နေအိမ် အချို့ပျက်စီးခဲ့သည့်အပြင် ကျေးရွာချင်း ဆက်သွယ်သွားလာနေသော လမ်းများပါ ပြိုကျပိတ်ဆို့နေ၍ သြဂုတ်လ(၂၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်အထိ သွားလာရေးခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။
သြဂုတ်လ (၂၄) ရက်နေ့ ညပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့်  လိုခါးလိုကျေးရွာ ကွက်သစ် အနီးတွင် မြေပြို၍ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး (၁၃)ကုန်းမြောက်ဘက်ရှိ KB1 ဧရိယာအနီးတွင်လည်း မြေပြိုမှုဖြစ်ပွားခဲ့သလို  ရွှေဥဒေါင်းနှင့် မော်ချီးတောင်ပေါ်ရပ်ကွက်များသို့ သွားရာလမ်းများလည်း မြေပြိုကျမှုကြောင့် ပျက်စီးလျက်ရှိပြီး သွားလာရေး ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။
မော်ချီးဒေသတွင် သြဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ခဲသတ္တုတူးဖော်ရေး လုပ်ကွက်အချို့ တွင်လည်း မြေပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့သလို ယခုလိုမိုးရာသီတွင် ရပ်ဝေးမှလာရောက် လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမား အများစုမှာလည်း နေရပ်ပြန်သူများရှိသလို အန္တရာယ်ဇုန်အဖြစ်သတ်မှတ်ထားသော လုပ်ကွက်အချို့တွင်လည်း ပြောင်းရွှေ့ခြင်းမရှိဘဲ လူနေထိုင်ခြင်းများ ရှိကြောင်း သိရသည်။
ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူမှ  ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မော်ချီးသတ္တုလုပ်ငန်းခွင်များတွင် အန္တရာယ်ရှိနေသည့် လုပ်ငန်းများကို အရေးပေါ်အမြန်ဆုံး ပိတ်သိမ်းပေးရန်အစီအစဉ်ရှိမရှိ မေးခွန်းအား သြဂုတ်လ (၁၆)ရက်နေ့က မေးမြန်းခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အန္တရာယ်ရှိသောနေရာများတွင် လူနေထိုင်ခြင်းနှင့် သတ္တုတူးဖော်ခြင်းများကို တားမြစ်ထားပြီး မြေပြိုကျမှုဘေးအန္တရာယ် ကင်းဝေးစေရန် ဒေသအာဏာပိုင်များ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီတို့ ပူးပေါင်း၍ စီစစ်ကြပ်မတ် လျှက်ရှိသလို ကုမ္ပဏီအား ၂၀၂၄ ခုနှစ် အထိ သက်တမ်းတိုးပေးထားပြီး အန္တရာယ်ရှိနိုင်သည့် portion များကို ပိတ်သိမ်းပြီး လုပ်ပိုင်ခွင့် တားမြစ်ရန် စီစဉ်ပေးသွားမည်ဟု  ပြန်လည်ဖြေကြားထားသည်။
မော်ချီးဒေသတွင် မြေပြိုမှု မဖြစ်ပွားရန် ကာကွယ်ခြင်းများ လုပ်ဆောင်ရမည့်နေရာ (၈)နေရာရှိကြောင်း မော်ချီးသဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ ထုတ်ပြန်ထားပြီး ယခု မြေပြိုကျသော နေရာများမှာ အဆိုပါ နေရာများတွင် ပါဝင်ပြီး သြဂုတ်လ (၂၄)ရက်နေ့ကလည်း မိုးရွာသွန်းမှုများကြောင့် မြေပြိုကျနိုင်သည့် နေရာများအနီး နေထိုင်ခြင်း မပြုဘဲ ရွှေ့ပြောင်းနေကြရန် တာဝန်ရှိသူများက သတိပေးနိုးဆော်မှုများ ပြုလုပ်ခဲ့ခြင်းများရှိပြီး လက်ရှိချိန်တွင် လမ်းပိတ်ဆို့နေမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။
ဖားဆောင်းမြို့နယ် ၊မော်ချီးဒေသတွင် ပြီးခဲ့သည့် ၁၉၈၅ ခုနှစ်က  တစ်ကြိမ် ၊ ၁၉၈၈ ခုနှစ်က တစ်ကြိမ် နှင့် ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ် ကြီးမားသော မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအမြောက်အများသေဆုံးခဲ့သလို နေအိမ်အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် သြဂုတ်လ (၂၄)ရက်နေ့ကစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် အန္တရာယ်ဇုန် သတ်မှတ်ထားသော နေရာများတွင် မြပြေိုကာ နေအိမ်အချို့နှင့် လမ်းများပျက်စီးသွားသည့်အပြင် သွားလာရခက်ခဲနေကြောင်း သိရသည်။
သြဂုတ်လ(၂၄)ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မော်ချီးမိုင်းတွင်းဒေသရှိ လူနေထိုင်သော နေရာလေးနေရာဝန်းကျင်တွင် မြပြေို၍ နေအိမ် အချို့ပျက်စီးခဲ့သည့်အပြင် ကျေးရွာချင်း ဆက်သွယ်သွားလာနေသော လမ်းများပါ ပြိုကျပိတ်ဆို့နေ၍ သြဂုတ်လ(၂၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်အထိ သွားလာရေးခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။
"ဒီမနက်ထိတော့ နေရာသုံးနေရာလောက် မြပြေိုတယ်၊ အိမ်တချို့ပါတယ်။ လူတွေတော့ နည်းနည်းပါးပါးပဲ ထိခိုက်တယ်။ ခုပြိုတဲ့ နေရာတွေက အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ နေရာတွေ ၂၀၁၅ ခုနှစ်ကတည်းက ဘူမိဗေဒပညာရှင်တွေ ကွင်းဆင်းစစ်ဆေးခဲ့တာ လူမနေသင့်ဘူး။ ဒေသခံမဟုတ်တဲ့ ရွှေ့ပြောင်း လုပ်သားတွေ နေတာ။ အမာခံ လူနေလို့ရတဲ့ ရပ်ကွက်တွေရှိတယ်၊ အဲ့မှာ ပြောင်းနေဖို့ ပြောပေမယ့် မနကြေဘူး။ အခုပြိုတဲ့ အောက်ဖက်တွေဆို ချောင်းခဲတွေအကြီးကျယ်လုပ်တာ။ ကျွန်မတို့ဒေသခံတွေကတော့ ဒီနေရာတွေမှာ လူတွေကို မနေစေချင်ဘူး။ အခု အန္တာရာယ်ဇုန် သတ်မှတ်ထားတဲ့ နေရာတွေနားမှာ ကျွန်မတို့အဖွဲ့အစည်းက လူတွေထား ထားတယ်။ အခုလို ဖြစ်တာနဲ့ ချက်ချင်းသိအောင်ပေါ့။ အချို့နေရာတွေဆို မြေတွေအက်တာတွေရှိတယ်"ဟု မော်ချီးဒေသ ပပွာကလူပရင်လူမှုဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီးအဖွဲ့ ဥက္ကဌ နော်မာဂရက်စိန် က သြဂုတ်လ (၂၅)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သြဂုတ်လ (၂၄) ရက်နေ့ ညပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် လိုခါးလိုကျေးရွာ ကွက်သစ် အနီးတွင် မြပြေို၍ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး (၁၃)ကုန်းမြောက်ဘက်ရှိ KB1 ဧရိယာအနီးတွင်လည်း မြပြေိုမှုဖြစ်ပွားခဲ့သလို ရွှေဥဒေါင်းနှင့် မော်ချီးတောင်ပေါ်ရပ်ကွက်များသို့ သွားရာလမ်းများလည်း မြပြေိုကျမှုကြောင့် ပျက်စီးလျက်ရှိပြီး သွားလာရေး ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။
မော်ချီးဒေသတွင် သြဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ခဲသတ္တုတူးဖော်ရေး လုပ်ကွက်အချို့ တွင်လည်း မြပြေိုကျခြင်းများ ဖြစ်ပေါ်ခဲ့သလို ယခုလိုမိုးရာသီတွင် ရပ်ဝေးမှလာရောက် လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမား အများစုမှာလည်း နေရပ်ပြန်သူများရှိသလို အန္တရာယ်ဇုန်အဖြစ်သတ်မှတ်ထားသော လုပ်ကွက်အချို့တွင်လည်း ပြောင်းရွှေ့ခြင်းမရှိဘဲ လူနေထိုင်ခြင်းများ ရှိကြောင်း သိရသည်။
ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူမှ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မော်ချီးသတ္တုလုပ်ငန်းခွင်များတွင် အန္တရာယ်ရှိနေသည့် လုပ်ငန်းများကို အရေးပေါ်အမြန်ဆုံး ပိတ်သိမ်းပေးရန်အစီအစဉ်ရှိမရှိ် မေးခွန်းအား သြဂုတ်လ (၁၆)ရက်နေ့က မေးမြန်းခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အန္တရာယ်ရှိသောနေရာများတွင် လူနေထိုင်ခြင်းနှင့် သတ္တုတူးဖော်ခြင်းများကို တားမြစ်ထားပြီး မြပြေိုကျမှုဘေးအန္တရာယ် ကင်းဝေးစေရန် ဒေသအာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီတို့ ပူးပေါင်း၍ စီစစ်ကြပ်မတ် လျှက်ရှိသလို ကုမ္ပဏီအား ၂၀၂၄ ခုနှစ် အထိ သက်တမ်းတိုးပေးထားပြီး အန္တရာယ်ရှိနိုင်သည့် portion များကို ပိတ်သိမ်းပြီး လုပ်ပိုင်ခွင့် တားမြစ်ရန် စီစဉ်ပေးသွားမည်ဟု ပြန်လည်ဖြကြေားထားသည်။
မော်ချီးဒေသတွင် မြပြေိုမှု မဖြစ်ပွားရန် ကာကွယ်ခြင်းများ လုပ်ဆောင်ရမည့်နေရာ (၈)နေရာရှိကြောင်း မော်ချီးသဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ ထုတ်ပြန်ထားပြီး ယခု မြပြေိုကျသော နေရာများမှာ အဆိုပါ နေရာများတွင် ပါဝင်ပြီး သြဂုတ်လ (၂၄)ရက်နေ့ကလည်း မိုးရွာသွန်းမှုများကြောင့် မြပြေိုကျနိုင်သည့် နေရာများအနီး နေထိုင်ခြင်း မပြုဘဲ ရွှေ့ပြောင်းနကြေရန် တာဝန်ရှိသူများက သတိပေးနိူးဆော်မှုများ ပြုလုပ်ခဲ့ခြင်းများရှိပြီး လက်ရှိချိန်တွင် လမ်းပိတ်ဆို့နေမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။
ဖားဆောင်းမြို့နယ်၊မော်ချီးဒေသတွင် ပြီးခဲ့သည့် ၁၉၈၅ ခုနှစ်က တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်က တစ်ကြိမ် နှင့် ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ် ကြီးမားသော မြပြေိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအမြောက်အများသေဆုံးခဲ့သလို နေအိမ်အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ​နော်​မာဂရက်​စိန်​၊ ko phyo
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net