KNDF အမှတ်(၉)တပ်ရင်း တည်ထောင်ခြင်း နှစ်နှစ်ပြည့်ပြုလုပ်

KNDF အမှတ်(၉)တပ်ရင်း တည်ထောင်ခြင်း နှစ်နှစ်ပြည့်ပြုလုပ်
သြဂုတ် 3, 2023 | 2021 Military Coup| ကယား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အမှတ်(၉)တပ်ရင်း စတင်တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂)ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၂)နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည် တစ်နေရာ‌တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျဆုံးသွားသော အာဇာနည်ရဲဘော်များအား ဂုဏ်ပြုအလေးပြုခြင်း၊ ကရင်နီအလံတော်အား အလေးပြုခြင်း၊ သစ္စာအဓိဠာန်ပြု၍ သီဆိုစောင့်သိခြင်းနှင့် မဟာမိတ်များထံမှ ဂုဏ်ပြုသ၀ဏ်လွှာ ဖတ်ကြားခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)သည် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းတည်ထောင်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : KNDF B09