ကယားျပည္နယ္၏ ဌာေနတိုင္းရင္းသားမ်ား ရိုးရာလက္မႈပညာျပပြဲႏွင့္ ေစ်းေရာင္းပြဲေတာ္ လိြဳင္ေကာ္တြင္ က်င္းပမည္

ကယားျပည္နယ္၏ ဌာေနတိုင္းရင္းသားမ်ား ရိုးရာလက္မႈပညာျပပြဲႏွင့္ ေစ်းေရာင္းပြဲေတာ္ လိြဳင္ေကာ္တြင္ က်င္းပမည္
ဒီဇင်ဘာ 9, 2018
By 🌸
ကယားျပည္နယ္တြင္းရွိ ဌာေနတိုင္းရင္းသားမ်ား၏ ရုိးရာလက္မႈပညာျပပြဲႏွင့္ ေစ်းေရာင္းပြဲေတာ္အား လိြဳင္ေကာ္ၿမိဳ႕ရိွ ယဥ္ေက်းမႈျပတိုက္တြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၄)ရက္ေန႔မွ (၁၆) ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ရာ ရိုးရာလက္မႈပစၥည္း၊ ရိုးရာအစားအစာမ်ား ပါဝင္ေရာင္းခ်လိုပါက ဒီဇင္ဘာလ (၁၃)ရက္ေန႔ ေနာက္ဆံုးထား၍ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

“ ကၽြန္မတို႔ အခုလုပ္ေနတဲ့ က႑စုံအားလုံးပါဝင္တဲ့ ခရီးသြားလုပ္ငန္းစီမံကိန္းေပါ့။ အဲဒီထဲမွာကေတာ့  ခရီးသြားလုပ္ငန္းလို႔ေျပာတဲ့အထဲမွာ ဒီလက္မႈလုပ္ငန္းျမႇင့္တင္ေရးလည္းပါတယ္။ ဒါကိုအေျခခံၿပီး ကယားေဒသထြက္ လက္မႈပစၥည္းျပပြဲနဲ႔ ေစ်းေရာင္းပြဲဆိုတာ လုပ္ျဖစ္တာပါ “ ဟု အဆိုပါျပပြဲျဖစ္ေျမာက္ေရး ပါဝင္လုပ္ေဆာင္ေနသည့္ International Trade Centerမွ စီမံကိန္းညိႇႏိႈင္းေရးမွဴး ေဒၚဝင္နီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါျပပြဲကို စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနႏွင့္ International Trade Center(ITC)တို႔ လိြဳင္ေကာ္ၿမိဳ႕တြင္ ဒုတိယအႀကိမ္ ပူးေပါင္းက်င္းပျခင္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ကလည္း ေဒသထြက္ လက္မွဳကုန္ထုတ္ပစၥည္း ၿပိဳင္ပြဲကို က်င္းပခဲ့ျခင္းျဖစ္သည္။

“ ကယားေဒသရဲ႕ ေဒသထြက္ပစၥည္းေတြက ရွိေတာ့ရွိတယ္။ အရည္အေသြး နည္းနည္းလိုအပ္တာရွိတယ္။ ေစ်းကြက္မရွိဘူး။ အဲဒါေၾကာင့္ ကၽြန္မတို႔က ေစ်းကြက္လိုအပ္ခ်က္ရယ္ လိုအပ္တဲ့အရည္အေသြးေတြ ျမႇင့္တင္တဲ့ သင္တန္းေလးေတြ လုပ္ေပးမယ္။ ေနာက္ၿပီး ခင္းက်င္းျပသတာေပါ့။ တစ္ခ်ိဳ႕က ဒီအတိုင္းပဲ စိတ္ဝင္စားေအာင္ မထားတတ္ဘူး။ ဒါေတြကို ကၽြန္မတို႔ ကူညီေပးမယ္။ တစ္ဖက္လည္း ဒီပစၥည္းေတြကို လူေတြသိေအာင္၊ ေစ်းကြက္ထဲ ေရာက္လာေအာင္ မိတ္ဆက္ေပးတာေပါ့။ ဒီမွာ တိုင္းရင္းသားေတြက ရြာေတြ အလိုက္ လက္မႈပညာေတြ လုပ္တာရွိတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မခ်ိတ္မိတာေပါ့။ အဲဒါ ခ်ိတ္ဆက္မိသြားေအာင္ ယဥ္ေက်းမႈေတြ ပိုေပၚလြင္လာေအာင္ အဲဒီကေန ဒီခရီးသြားလုပ္ငန္းကို ျမႇင့္တင္မယ္ေပါ့။ အဲဒါမ်ိဳးေလး ရည္ရြယ္တာပါ “ ဟု International Trade Centerမွ စီမံကိန္းညိႇႏိႈင္းေရးမွဴး ေဒၚဝင္နီက  ေျပာသည္။

ကယားျပည္နယ္တြင္းရွိ ၿမိဳ႕နယ္၊ ေက်းရြာမ်ားမွ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား၊ စာေပယဥ္ေက်းမႈအဖြဲ႕မ်ား ၊ တိုင္းရင္းသားအဖြဲ႕အစည္းမ်ား၊ အရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ား ၊ လက္မႈပညာရွင္မ်ားအျပင္ ေစ်းကြက္ခ်ိတ္ဆက္မိေစရန္ ဟိုတယ္လုပ္ငန္းရွင္မ်ား၊ စားေသာက္ဆိုင္မ်ား၊ ဧည့္လမ္းညႊန္မ်ား၊ ရန္ကုန္မွ ခရီးသြာ ကုမၸဏီမ်ားကိုလည္း ဖိတ္ေခၚထားေၾကာင္း သိရသည္။

ျပပြဲႏွင့္ပတ္သက္၍ ဆက္သြယ္ေမးျမန္းလိုပါက ဖုန္း 09960107733 ႏွင့္ 09780536139 တုိ႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

International Trade Center သည္ SME မ်ားကိုေထာက္ပံ့ေနသည့္ ႏုိင္ငံတကာအဖြဲ႕အစည္းတစ္ခုျဖစ္သည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်၏ ဌာနေတိုင်းရင်းသားများ ရိုးရာလက်မှုပညာပြပွဲနှင့် ဈေးရောင်းပွဲတော် လွိုင်ကော်တွင် ကျင်းပမည်
*************
ကယားပြည်နယ်တွင်းရှိ ဌာနေတိုင်းရင်းသားများ၏ ရိုးရာလက်မှုပညာပြပွဲနှင့် ဈေးရောင်းပွဲတော်အား လွိုင်ကော်မြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ရိုးရာလက်မှုပစ္စည်း၊ ရိုးရာအစားအစာများ ပါဝင်ရောင်းချလိုပါက ဒီဇင်ဘာလ (၁၃)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်နိုင်ကြောင်း သိရသည်။

“ ကျွန်မတို့ အခုလုပ်နေတဲ့ ကဏ္ဍစုံအားလုံးပါဝင်တဲ့ ခရီးသွားလုပ်ငန်းစီမံကိန်းပေါ့။ အဲဒီထဲမှာကတော့  ခရီးသွားလုပ်ငန်းလို့ပြောတဲ့အထဲမှာ ဒီလက်မှုလုပ်ငန်းမြှင့်တင်ရေးလည်းပါတယ်။ ဒါကိုအခြေခံပြီး ကယားဒေသထွက် လက်မှုပစ္စည်းပြပွဲနဲ့ ဈေးရောင်းပွဲဆိုတာ လုပ်ဖြစ်တာပါ “ ဟု အဆိုပါပြပွဲဖြစ်မြောက်ရေး ပါဝင်လုပ်ဆောင်နေသည့် International Trade Centerမှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ဝင်နီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါပြပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် International Trade Center(ITC)တို့ လွိုင်ကော်မြို့တွင် ဒုတိယအကြိမ် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်ကလည်း ဒေသထွက် လက်မှုကုန်ထုတ်ပစ္စည်း ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

“ ကယားဒေသရဲ့ ဒေသထွက်ပစ္စည်းတွေက ရှိတော့ရှိတယ်။ အရည်အသွေး နည်းနည်းလိုအပ်တာရှိတယ်။ ဈေးကွက်မရှိဘူး။ အဲဒါကြောင့် ကျွန်မတို့က ဈေးကွက်လိုအပ်ချက်ရယ် လိုအပ်တဲ့အရည်အသွေးတွေ မြှင့်တင်တဲ့ သင်တန်းလေးတွေ လုပ်ပေးမယ်။ နောက်ပြီး ခင်းကျင်းပြသတာပေါ့။ တစ်ချို့က ဒီအတိုင်းပဲ စိတ်ဝင်စားအောင် မထားတတ်ဘူး။ ဒါတွေကို ကျွန်မတို့ ကူညီပေးမယ်။ တစ်ဖက်လည်း ဒီပစ္စည်းတွေကို လူတွေသိအောင်၊ ဈေးကွက်ထဲ ရောက်လာအောင် မိတ်ဆက်ပေးတာပေါ့။ ဒီမှာ တိုင်းရင်းသားတွေက ရွာတွေ အလိုက် လက်မှုပညာတွေ လုပ်တာရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် မချိတ်မိတာပေါ့။ အဲဒါ ချိတ်ဆက်မိသွားအောင် ယဉ်ကျေးမှုတွေ ပိုပေါ်လွင်လာအောင် အဲဒီကနေ ဒီခရီးသွားလုပ်ငန်းကို မြှင့်တင်မယ်ပေါ့။ အဲဒါမျိုးလေး ရည်ရွယ်တာပါ “ ဟု International Trade Centerမှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ဝင်နီက  ပြောသည်။

ကယားပြည်နယ်တွင်းရှိ မြို့နယ်၊ ကျေးရွာများမှ တိုင်းရင်းသားမျိုးနွယ်စုများ၊ စာပေယဉ်ကျေးမှုအဖွဲ့များ ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ၊ လက်မှုပညာရှင်များအပြင် ဈေးကွက်ချိတ်ဆက်မိစေရန် ဟိုတယ်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များ၊ ဧည့်လမ်းညွှန်များ၊ ရန်ကုန်မှ ခရီးသွာ ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

ပြပွဲနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက ဖုန်း 09960107733 နှင့် 09780536139 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

International Trade Center သည် SME များကိုထောက်ပံ့နေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည်။

သတင်း ဋဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~