တန့်ဆည်မြို့ ရွာမကျေးရွာတွင် ဆရာတော်တစ်ပါးနှင့် လူ (၃) ဦးတွင် COVID-19 တွေ့

တန့်ဆည်မြို့ ရွာမကျေးရွာတွင် ဆရာတော်တစ်ပါးနှင့် လူ (၃) ဦးတွင် COVID-19 တွေ့
ဇွန် 21, 2021 | Covid-19

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရွာမကျေးရွာရှိ ကျောင်းမကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော်တစ်ပါး အပါအဝင် COVID-19 အတည်ပြုလူနာ (၄) ဦးကို ၂၀၂၁ ခုနှစ် ဇွန်လ (၂၁) ရက်နေ့၌ စစ်ဆေးတွေ့ရကြောင်း သိရသည်။

ဆရာတော်က မန္တလေးက ပြန်လာတာ။ စစ်လိုက်တော့ COVID-19 Positive ထွက်တယ်ကြားတယ်။ ဆရာတော်နဲ့ထိတွေ့တဲ့ ဒကာ (၃) ဦးမှာလည်း ပိုးတွေ့တယ်ပြောတယ်။ ကျန်းမာရေးက စစ်တာ မဟုတ်ဘူး။ ထွေအုပ်က သွားစစ်တာ

ဟု တန့်ဆည်မြို့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့က COVID 19 သွားစစ်ပြီး ပိုးတွေ့သည်ဟုဆိုသူ (၄) ဦးကို Quarantine Center သို့ ပို့ထားကြောင်း သိရသည်။

တန့်ဆည်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက CDM ပြုလုပ်ထားပြီး ပြင်ပတွင် အခမဲ့ဆေးခန်းပြုလုပ်ထားသည်ကို အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က ဝင်ဖမ်းသဖြင့် အခမဲ့ဆေးကုသသည့်နေရာကိုလည်း ပိတ်ထားရခြင်းဖြစ်သည်။

#TachileikNewsAgency