တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ  (၃၅)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ  (၃၅)ဦး ထပ်တိုး
ဇူလိုင် 28, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၈)ရက်နေ့ ညနေ(၃)နာရီအချိန်အထိ စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံရသူ (၃၅)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

Covid-19 တွေ့ရှိရသူများတွင် အမျိုးသား (၁၉)ဦး နှင့် အမျိုးသမီး (၁၅)ဦး ပါဝင်ရာ အသက်(၆)လသားအရွယ်မှ အသက်(၆၅)နှစ် အရွယ်အထိ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံကြောင့် ဇူလိုင်လ(၁၉)ရက်နေ့က ပထမဆုံး သေဆုံးသွားသည့် အမျိုးသား၏ ဇနီးဖြစ်သူသည် ယနေ့ ဇူလိုင်လ(၂၈)ရက်နေ့တွင် နေအိမ်၌ သေဆုံးသွားရာ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ နှင့် ကျန်းမာရေးတို့မှ သွားရောက်၍ Test Kit ဖြင့် စစ်ဆေးချက်အရ ၎င်းတွင် Covid-19 ပိုးမတွေ့ရှိရကြောင်း နှင့် အခြားရောဂါကြောင့်သာ သေဆုံးခြင်း ဖြစ်သည်ဟုလည်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၂၈)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁,၁၅၀)အထက်ရှိနေပြီး ဆေးရုံဆင်းခွင့်ရရှိသူမှာ (၅၀၀)ဝန်းကျင်ရှိသည်ဟု သိထားရပြီး သေဆုံးသူမှာ (၆)ဦးအထိ ရှိနေသည်။

#TachileikNewsAgency