ကျိုင်းတုံမြို့တွင် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်း (၄)ဦး နှင့် တာချီလိတ်မှ လာသည့် အမျိုးသားတစ်ဦးတို့တွင် Covid-19 ပိုးတွေ့

ကျိုင်းတုံမြို့တွင် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်း (၄)ဦး နှင့် တာချီလိတ်မှ လာသည့် အမျိုးသားတစ်ဦးတို့တွင် Covid-19 ပိုးတွေ့
ဇွန် 30, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်း(၄)ဦးအပါအဝင် တာချီလိတ်မှလာသည့် အမျိုးသား (၁)ဦးတွင်  ယနေ့ ဇွန်လ(၂၉)ရက်နေ့၌ Covid-19 တွေ့ရှိကြောင်း သိရသည်။

တာချီလိတ်မှ လာသည့် ပိုးတွေ့ အမျိုးသားသည် ထိုင်းနိုင်ငံ  မယ်ဆိုင်မြို့ကနေ တာချီလိတ်သို့ ခိုးဝင်လာပြီး ကျိုင်းတုံသို့ ပြန်လာသူ ဖြစ်သည်ဟု သိရပြီး ၎င်းသည်  ယနေ့ ဇွန်လ(၂၉)ရက်နေ့တွင် နေမကောင်း၍ စစ်ဆေးရုံသို့ သွားရောက် စစ်ဆေးရာမှ Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့ရသည့် အမျိုးသားမှာ ဇွန်လ(၂၈)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က တာချီလိတ်မှ ကျိုင်းတုံသို့  Succeed အမျိုးအစား စင်းလုံးငှားယာဉ်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး ကျိုင်းတုံမြို့၊ ကတ်တောင်ရွာရှိ အသိအိမ်တွင် ညအိပ်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်မှ ပိုးတွေ့ ဝန်ထမ်းများနှင့် ပတ်သက်၍ ထိတွေ့မှု အကြောင်းအရာကို တာချီလိတ်သတင်းအေဂျင်စီမှ စုံစမ်း၍ မရသေးပါ။

ကျိုင်းတုံမြို့၏ တာဝန်ရှိသူများက Covid-19 အတည်ပြုလူနာ (၅)ဦးနှင့် ပတ်သက်၍ ထိတွေ့မှုများကို စုံစမ်းနေဆဲဖြစ်သလို တာချီလိတ်မှ ကျိုင်းတုံသို့ လိုက်ပါ ပို့ဆောင်ပေးသည့် Succeed ကားမောင်းသည် မည်သူဖြစ်သည်ကို စုံစမ်း မသိရှိနိုင်ခြင်း ဖြစ်နေသည့်အတွက် ဇွန်လ(၂၈)ရက်နေ့က လိုက်ပါ ပို့ဆောင်သည့် ယာဉ်မောင်းအနေဖြင့် နီးစပ် ကျန်းမာရေးဌာနတွင် သွားရောက်စစ်ဆေးရန် လိုအပ်ကြောင်းလည်း အသိပေးထားရှိသည်။