မြန်မာနိုင်ငံအတွင်း တစ်နေ့တည်း Covid - 19 အတည်ပြုလူနာ (၃၀)ဦး ထပ်တိုး

မြန်မာနိုင်ငံအတွင်း တစ်နေ့တည်း Covid - 19 အတည်ပြုလူနာ (၃၀)ဦး ထပ်တိုး
သြဂုတ် 25, 2020
By Tachileik News Agency
 
မြန်မာနိုင်ငံအတွင်း တစ်နေ့တည်း Covid - 19 အတည်ပြုလူနာ (၃၀)ဦး ထပ်တိုး
COVID 19 အတည်ပြုလူနာ (၃၀)ဦးတွေ့ရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့ ည (၈)နာရီခွဲက သတင်းထုတ်ပြန်လိုက်သဖြင့် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဓာတ်ခွဲစစ်ဆေးမှု ထုတ်ပြန်ချက်များတွင် အတည်ပြုလူနာအများဆုံးထုတ်ပြန်ချက်ဖြစ်ပြီး အတည်ပြုလူနာစုစုပေါင်း (၅၀၄)ဦး ရှိလာပြီ ဖြစ်သည်။
ယနေ့ည ထပ်တိုးအတည်ပြုလူနာများမှာ မည်သည့်ဒေသမှဖြစ်သည်ကို အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဓာတ်ခွဲနမူနာ (၁၄၇၅)ခုကို ရန်ကုန်ရှိ ကျန်းမာရေးဌာန၏ ဓာတ်ခွဲဌာန (၂)ခုနှင့် တပ်မတော် ဓာတ်ခွဲဌာန(၁)ခု၊ မန္တလေးရှိ ဓာတ်ခွဲဌာန(၁)ခု၊ မော်လမြိုင်ရှိ ဓာတ်ခွဲဌာန (၁)ခုနှင့် စစ်တွေဆေးရုံကြီးတို့တွင် ဓာတ်ခွဲစစ်ဆေးမှုမှ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ အတည်ပြုလူနာများအနက် (၃၃၉)ဦးမှာ ဆေးရုံဆင်းခွင့်ရထားပြီဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~