တာချီလိတ်တွင် (၂)ရက်နေထိုင်သွားခဲ့ပြီး ကျောက်မဲသို့ ပြန်သွားသည့် ထိုင်းပြည်တော်ပြန် အမျိုးသားတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် သတ်မှတ်

တာချီလိတ်တွင် (၂)ရက်နေထိုင်သွားခဲ့ပြီး ကျောက်မဲသို့ ပြန်သွားသည့် ထိုင်းပြည်တော်ပြန် အမျိုးသားတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် သတ်မှတ်
မတ် 30, 2020
By Tachileik News Agency
 တာချီလိတ်တွင် (၂)ရက်နေထိုင်သွားခဲ့ပြီး ကျောက်မဲသို့ ပြန်သွားသည့် ထိုင်းပြည်တော်ပြန် အမျိုးသားတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် သတ်မှတ်

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၄)ဦး ထပ်တိုးလာသဖြင့် စုစုပေါင်း အတည်ပြုလူနာ (၁၄)ဦး ရှိလာပြီဖြစ်သည်။

အတည်ပြုလူနာ (၄)ဦးအနက် (၃)ဦးမှာ အတည်ပြုလူနာ ဧည့်လမ်းညွန်လုပ်ငန်းဆောင်ရွက်ပေးခဲ့သည့်အဖွဲ့မှ ပြင်သစ်နိုင်ငံသား (၃)ဦးဖြစ်ပြီး (၁)ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လာသူဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာဧည့်လမ်းညွှန်၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် (၄)ဦးအား  မတ်လ (၂၈)ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ (၃)ဦးတွင် COVID 19 ဓါတ်ခွဲစစ်ဆေးတွေ့ရသဖြင့် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပို့ထားကြောင်း သိရသည်။

နောက်ထပ်အတည်ပြုလူနာအမျိုးသားမှာ မတ်လ (၂၅)ရက်နေ့တွင် ဘန်ကောက်မှ တာချီလိတ်သို့ ရောက်ရှိခဲ့ကာ တာချီလိတ်တွင် (၂)ညတာ တည်းခိုပြီး မတ်လ (၂၇)ရက်နေ့တွင် တာချီလိတ်မှ မန္တလေးသို့ လေကြောင်းဖြင့် သွားခဲ့သူဖြစ်ကြောင်း သိရသည်။

ယင်းနေ့ညနေမှာပင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိပြီး မတ်လ (၂၈)ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့်ကျောက်မဲဆေးရုံသို့ ပို့ဆောင်ထားပြီး ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာများ သွားလာရာလမ်းကြောင်းတလျှောက် ထိတွေ့သူများကို ရှာဖွေဖေါ်ထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က မတ်လ (၃၀)ရက်နေ့တွင်ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (၄)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~