တာချီလိတ်ခရိုင်ရဲရုံး ပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက် ပိတ်ခိုင်းထားသည့် လောင်းကစား လုပ်ငန်းများ ယခုအခါ ပြန်ဖွင့်ခွင့် ရရှိ

တာချီလိတ်ခရိုင်ရဲရုံး ပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက် ပိတ်ခိုင်းထားသည့် လောင်းကစား လုပ်ငန်းများ ယခုအခါ ပြန်ဖွင့်ခွင့် ရရှိ
ဇွန် 20, 2021 | ရှမ်းရှေ့

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဗုံးခွဲခံရပြီး ကျည်အတွဲလိုက်ပါ ပစ်ခတ်ခံရပြီးနောက် တာချီလိတ်မြို့တွင်းရှိ လောင်းကစားလုပ်ငန်းများအားလုံးကို ရက်ပိုင်းမျှသာ ခေတ္တ ပိတ်ခိုင်းထားလိုက်သော်လည်း ယခုအခါမှာ ပြန်လည် ဖွင့်လှစ်ခွင့် ပြုထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လမ်းကြိုလမ်းကြားထဲမှာ ငါးခုံတွေ တော်တော်များများ ပေါ်ပေါ်ထင်ထင် ပြန်ဖွင့်လာကြပြီ။ တချို့ လိုက်ကာတွေ တောင်မကာထားဘူး၊ ပိတ်လဲ ခဏပဲ ပိတ်တာ

ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၀)ရက်နေ့တွင် ပြောသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၉)ရက်နေ့   ဗုံးခွဲခံရပြီး ကျည်အတွဲလိုက်ပါ ပစ်ခတ်ခံရပြီး နောက်တစ်နေ့တွင် တာချီလိတ်မြို့ရှိ လောင်းကစား လုပ်ငန်းများ နှင့် ဖျော်ဖြေရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့က ပိတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။

တာချီလိတ်မြို့ရှိ လောင်းကစားဂိမ်းခုံများတွင် မကြားခဏ လုယက်မှုများ နှင့် ဖျက်ဆီးမှုများ ဖြစ်ပွားလေ့ရှိသော်လည်း အမှုဖွင့်တိုင်ကြားလို့မရ၍ ငြိမ်နေရသည့် ဖြစ်စဉ် အများအပြား ရှိခဲ့ကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် လောင်းကစားလုပ်ငန်းများကို ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ၏ ခွင့်ပြုချက်ရရှိမှသာ ဖွင့်လှစ်ခွင့်ရရှိခြင်း ဖြစ်ကြောင်း သိရသည်။