တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း မီးေလာင္မႈျဖစ္စဥ္မွ ေပ်ာက္ေနသည့္ မိန္းကေလးအား ဆိုင္ခန္းေလွကားအထက္တြင္ အသက္ရႈၾကပ္ကာ ေသဆံုးေနသည္ကို နံနက္မွ သိရ

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း မီးေလာင္မႈျဖစ္စဥ္မွ ေပ်ာက္ေနသည့္ မိန္းကေလးအား ဆိုင္ခန္းေလွကားအထက္တြင္ အသက္ရႈၾကပ္ကာ ေသဆံုးေနသည္ကို နံနက္မွ သိရ
မေ 31, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္၊ ရတနာလမ္း၌ ၂၀၁၉ခုႏွစ္ ေမလ(၃၀)ရက္ေန႔ ညပိုင္းက မီးေလာင္မႈႈျဖစ္ပြားသည့္ မေအးေအးသင္း ကုန္စံုဆိုင္၏ ေလွကားေပၚတြင္ ေသဆံုးေနသည့္ အမ်ဳိးသမီးအေလာင္းအား နံနက္ပိုင္းတြင္ ေတြ႔ရွိရၿပီး ၎သည္ မီးေလာင္မႈျဖစ္ပြားၿပီး ေပ်ာက္ေနေၾကာင္း လူေပ်ာက္အျဖစ္ ေၾကာ္ျငာထားသည့္ မိန္းကေလး ျဖစ္ေနေၾကာင္းကို သိရသည္။

"ေလွကားအေပၚဆံုးထပ္မွာ ေသေနတာ၊  ေအာက္မွာမီးေလာင္လို႔ အေပၚကို တက္ေျပးတာထင္တယ္၊ လူကေတာ့ ႀကီးႀကီးမားမား မီးေလာင္ထားတာမေတြ႔ရဘူး၊ အသက္ရႈၾကပ္ၿပီးေသသြားတာထင္တယ္၊ မေန႔ ေပ်ာက္သြားတယ္ဆိုတဲ့ ေကာင္မေလးပါ"ဟု ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးေနသည့္ အမ်ဳိးသမီးမွာ အသက္ ( ၁၆ ) ႏွစ္အရြယ္ မဆုမြန္ဦးဆိုသူျဖစ္ေၾကာင္း ႏွင့္ ၎သည္ အသက္ရႈၾကပ္ကာ ေသဆံုးျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔လည္း မေန႔က  ခင္ဗ်ားတို႔ လူစံုလား လူစံုလားလို႔ ေမးတယ္၊ စံုတယ္၊ ေကာင္မေလးေတြ အလုပ္သမားေတြ ထြက္ေျပးတယ္လုိ႔ေျပာတယ္၊ ကြ်န္ေတာ္တို႔လည္း သူတို႔ဆီမွာ ေကာင္မေလးေတြ ဘယ္ႏွစ္ေယာက္ရွိတယ္ဆိုတာကို မသိဘူး၊ အေလာင္းကို မနက္မွ ေတြ႔ၾကတယ္၊ အေလာင္းက  ေမွာက္လ်က္ႀကီး လဲေနတာ၊ အဓိက ကေတာ့ အသက္ရႈၾကပ္တာ၊ မီးေလာင္ၿပီး လူေသတယ္ဆိုတာက မီးေလာင္မႈျဖစ္တဲ့အခါ မီးေတာက္က အေနာက္က မလိုက္ဘူး၊ မီးခိုးက အဓိက အသက္ရႈၾကပ္တာ၊ တစ္မိနစ္ ႏွစ္မိနစ္ေလာက္ အသက္ရႈၾကပ္ၿပီဆိုရင္ အဲ့နားမွာ လဲသြားတာတို႔ သတိေမ့သြားတာတို႔ျဖစ္တတ္တာ၊ တကယ္ေတာ့ အသက္ရႈၾကပ္ၿပီးမွ မီးေလာင္တာ၊ အခုက အသက္ရႈၾကပ္ၿပီ ေသဆံုးသြားတာပါ"ဟု တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးမွဴး ဦးေက်ာ္ကိုကိုက ေျပာသည္။

အဆိုပါ ေစ်းဆုိင္တိုက္ခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၃၀)ရက္ေန႔ ည (၈)နာရီ၀န္းက်င္အခ်ိန္က ဓါတ္ဆီပံုး ဆီဖလွယ္ရာမွ မီးစတင္ေလာင္ကၽြမ္းရာ တစ္နာရီေက်ာ္ၾကာၿငိႇမ္းသတ္ခဲ့ရၿပီးေနာက္ ေစ်းဆုိင္တိုက္ခန္းတြင္ေနသည့္ အသက္ (၁၆)ႏွစ္အရြယ္ မဆုမြန္ဦးမွာ ေပ်ာက္ဆံုးေနခဲ့ျခင္း နံနက္ေရာက္မွသာ ေလွကားေပၚတြင္ ေသဆံုးေနသည္ကို ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဒီမနက္က ကၽြန္ေတာ္တုိ႔အဖြဲ႕ဆီကို ရဲတပ္ဖြဲ႕က ဖုန္းဆက္တာေၾကာင့္ မီးေလာင္တဲ့ေနရာမွာ သြားရွာေဖြေတာ့ အမ်ိဳးသမီးအေလာင္းေတြ႕ပါတယ္။ ေဆးရံုကိုပို႔ေပးထားပါတယ္။”ဟု အခင္းျဖစ္ေနရာမွ အေလာင္းအား သယ္ေပးခဲ့သည့္ တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရဂါလံေပါင္း (၇၅၀၀)သံုးစြဲ၍ၿငိႇမ္းသတ္ခဲ့ရသည့္ အဆိုပါ မီးေလာင္မႈႏွင့္ပတ္သက္၍ ဆိုင္ခန္းပိုင္ရွင္ ေဒၚေအးေအးသင္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၉၀/၂၀၁၉၊ ပုဒ္မ (၂၈၅)ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရကူညီမႈအသင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်း၌ ၂၀၁၉ခုနှစ် မေလ(၃၀)ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားသည့် မအေးအေးသင်း ကုန်စုံဆိုင်၏ လှေကားပေါ်တွင် သေဆုံးနေသည့် အမျိုးသမီးအလောင်းအား နံနက်ပိုင်းတွင် တွေ့ရှိရပြီး၎င်းသည် မီးလောင်မှုဖြစ်ပွားပြီး ပျောက်နေကြောင်း လူပျောက်အဖြစ် ကြော်ငြာထားသည့် မိန်းကလေး ဖြစ်နေကြောင်းကို သိရသည်။

"လှေကားအပေါ်ဆုံးထပ်မှာ သေနေတာ၊ အောက်မှာမီးလောင်လို့ အပေါ်ကို တက်ပြေးတာထင်တယ်၊ လူကတော့ ကြီးကြီးမားမား မီးလောင်ထားတာမတွေ့ရဘူး၊ အသက်ရှုကြပ်ပြီးသေသွားတာထင်တယ်၊ မနေ့ ပျောက်သွားတယ်ဆိုတဲ့ ကောင်မလေးပါ"ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးနေသည့် အမျိုးသမီးမှာ အသက် ( ၁၆ ) နှစ်အရွယ် မဆုမွန်ဦးဆိုသူဖြစ်ကြောင်း နှင့်၎င်းသည် အသက်ရှုကြပ်ကာ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့လည်း မနေ့က ခင်ဗျားတို့ လူစုံလား လူစုံလားလို့ မေးတယ်၊ စုံတယ်၊ ကောင်မလေးတွေ အလုပ်သမားတွေ ထွက်ပြေးတယ်လို့ပြောတယ်၊ ကျွန်တော်တို့လည်း သူတို့ဆီမှာ ကောင်မလေးတွေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကို မသိဘူး၊ အလောင်းကို မနက်မှ တွေ့ကြတယ်၊ အလောင်းက မှောက်လျက်ကြီး လဲနေတာ၊ အဓိက ကတော့ အသက်ရှုကြပ်တာ၊ မီးလောင်ပြီး လူသေတယ်ဆိုတာက မီးလောင်မှုဖြစ်တဲ့အခါ မီးတောက်က အနောက်က မလိုက်ဘူး၊ မီးခိုးက အဓိက အသက်ရှုကြပ်တာ၊ တစ်မိနစ် နှစ်မိနစ်လောက် အသက်ရှုကြပ်ပြီဆိုရင် အဲ့နားမှာ လဲသွားတာတို့ သတိမေ့သွားတာတို့ဖြစ်တတ်တာ၊ တကယ်တော့ အသက်ရှုကြပ်ပြီးမှ မီးလောင်တာ၊ အခုက အသက်ရှုကြပ်ပြီ သေဆုံးသွားတာပါ"ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက ပြောသည်။

အဆိုပါ ဈေးဆိုင်တိုက်ခန်းတွင် ၂၀၁၉ ခုနှစ်၊ မေလ (၃၀)ရက်နေ့ ည (၈)နာရီဝန်းကျင်အချိန်က ဓာတ်ဆီပုံး ဆီဖလှယ်ရာမှ မီးစတင်လောင်ကျွမ်းရာ တစ်နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရပြီးနောက် ဈေးဆိုင်တိုက်ခန်းတွင်နေသည့် အသက် (၁၆)နှစ်အရွယ် မဆုမွန်ဦးမှာ ပျောက်ဆုံးနေခဲ့ခြင်း နံနက်ရောက်မှသာ လှေကားပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီမနက်က ကျွန်တော်တို့အဖွဲ့ဆီကို ရဲတပ်ဖွဲ့က ဖုန်းဆက်တာကြောင့် မီးလောင်တဲ့နေရာမှာ သွားရှာဖွေတော့ အမျိုးသမီးအလောင်းတွေ့ပါတယ်။ ဆေးရုံကိုပို့ပေးထားပါတယ်။”ဟု အခင်းဖြစ်နေရာမှ အလောင်းအား သယ်ပေးခဲ့သည့် တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေဂါလံပေါင်း (၇၅၀၀)သုံးစွဲ၍ငြှိမ်းသတ်ခဲ့ရသည့် အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်ခန်းပိုင်ရှင် ဒေါ်အေးအေးသင်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၉၀/၂၀၁၉၊ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net