တာချီလိတ်မြို့ ရွှေတြိဂံဒေသရှိ ဝမ်ပုံဆိပ်ကမ်းတွင် ဝူဟန်အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် လာအိုဘက်က လာသူများကို စစ်ဆေး

တာချီလိတ်မြို့ ရွှေတြိဂံဒေသရှိ ဝမ်ပုံဆိပ်ကမ်းတွင် ဝူဟန်အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် လာအိုဘက်က လာသူများကို စစ်ဆေး
ဇန်နဝါရီ 28, 2020
By Tachileik News Agency

တာချီလိတ်မြို့ ရွှေတြိဂံဒေသရှိ ဝမ်ပုံဆိပ်ကမ်းတွင် ဝူဟန်အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် လာအိုဘက်က လာသူများကို စစ်ဆေး

မြန်မာ - ထိုင်း - လာအို နယ်စပ်ဒေသ ရွှေတြိဂံနယ်မြေဖြစ်သည့် တာချီလိတ်မြို့ရှိ ဝမ်ပုံဆိပ်ကမ်းတွင်  ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ)ကူးစက်ပျံ့ပွားမှု ကာကွယ်ရေးအတွက် ကျန်းမာရေးက စောင့်ကြည့်စစ်ဆေးမှုများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်နေသည်။

“ကျန်းမာရေးဝန်ထမ်းတွေကို လဝကရုံး ဘီပီလက်မှတ်ထုတ်ပေးတဲ့နေရာမှာ နေရာတစ်ခုပေးထားတာပေါ့နော်။ ကျွန်တော်တို့ဘက်က အမှန်တော့ နိုင်ငံခြားသား အဝင်တော့ မရှိပါဘူး။ ဟိုဘက်ကမ်းမှာ ကိုယ့်မြန်မာအလုပ်သမားတွေပဲ အလုပ်သွားလုပ်တယ်။ ပြီးရင်ပြန်လာတယ်ပေါ့နော်။ အဲဒီဟာကို နည်းနည်း စစ်ဆေးဖို့လိုနေတာပေါ့နော်”ဟု  မိုင်းဖုန်း(က)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ ဦးရဲမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝမ်ပုံဆိပ်ကမ်းအနီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၏ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးသည့်နေရာတွင် ဝမ်ပုံတိုက်နယ်ဆေးရုံမှ တာဝန်ရှိသူများနှင့် မိုင်းဖုန်း(က) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ အပါအဝင် သက်ဆိုင်ရာများဖြင့် ပူးပေါင်းကာ စစ်ဆေးနေကြခြင်း ဖြစ်သည်။

လာအိုဘက်ခြမ်းရှိ မြန်မာလုပ်သားအများအပြား သွားရောက်လုပ်ကိုင်နေကြသည့် ကာစီနိုများအနက် Kings Roman Casino တွင် ဇန်နဝါရီလ (၂၆)ရက်နေ့က တရုတ်အမျိုးသားနှစ်ဦးကို ဝူဟန်အဆုတ်ရောင်ရောဂါ သံသယရှိသဖြင့် သီးခြားကြပ်မတ်ကုသမှုလုပ်ပေးနေသော်လည်း ရောဂါအတည်မပြုနိုင်သေးကြောင်း သိရသည်။

ဝမ်ပုံဆိပ်ကမ်းနှင့် မျက်နှာချင်းဆိုင်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ မြောက်ပိုင်း ဘိုကီယိုပြည်နယ်တွင် တရုတ် ရင်းနှီးမြုပ်နှံမှုဖြင့် အထူးစီးပွားရေး ဇုန်ဖေါ်ဆောင်လုပ်ကိုင်ခွင့် (၉၉)နှစ်အထိ ခွင့်ပြုထားသည့်နေရာ၌ ကာစီနိုလောင်းကစားရုံများဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များဖြင့် လုပ်ငန်းလည်ပတ်နေကြခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ရဲမြင့်ဦး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~