ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွတဆင့္ တာခ်ီလိတ္သို႔ ဟိုက္ဒရိုကလိုရစ္အက္ဆစ္မ်ား တရားမ၀င္ တင္သြင္းသည့္ တရုတ္ကုမၸဏီမွာ လုိင္စင္မရိွဘဲလုပ္ကိုင္ေနသည္ကို စစ္ေဆးေတြ႔ရိွရ

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွတဆင့္ တာခ်ီလိတ္သို႔ ဟိုက္ဒရိုကလိုရစ္အက္ဆစ္မ်ား တရားမ၀င္ တင္သြင္းသည့္ တရုတ္ကုမၸဏီမွာ လုိင္စင္မရိွဘဲလုပ္ကိုင္ေနသည္ကို စစ္ေဆးေတြ႔ရိွရ
စက်တင်ဘာ 14, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ခ်စ္ၾကည္ေရးတံတား(၁)ကို ျဖတ္၍ တာခ်ီလိတ္သို႔ ဟိုက္ဒရိုကလိုရစ္အက္ဆစ္မ်ား တင္ပို႔ေနသည့္ မယ္ဆိုင္အေျခစိုက္ တရုတ္ကုမၸဏီမွာ ဓါတုပစၥည္းမ်ား တင္သြင္း၊တင္ပို႔ခြင့္မရိွဘဲ လုပ္ကိုင္ေနသည္ကို မယ္ဆိုင္ရဲတပ္ဖြဲ႔က စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

မယ္ဆုိင္ဘက္မွေန၍ သံုးဘီးဆုိင္ကယ္ (၂)စီးျဖင့္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁)မွေန၍ ထိန္းခ်ဳပ္ဓါတုပစၥည္းမ်ားျဖစ္သည့္ ဟိုက္ဒရိုကလိုရစ္အက္ဆစ္ (၅) ဂါလံပံုးေပါင္း (၁၁၅)ပံုး သယ္လာသည္ကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ(၉)ရက္ေန႔ ညေနပိုင္းက တာခ်ီလိတ္ဘက္ျခမ္းတြင္ ဖမ္းမိလုိက္ၿပီးေနာက္ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္းရွိ ေနအိမ္ၿခံဝန္းအတြင္း သိမ္းဆည္းထားသည့္ ဟုိက္ဒရို ကလိုရစ္ အက္ဆစ္မ်ားကိုပါ ေဖၚထုတ္ႏုိင္ခဲ့ျခင္းျဖစ္ၿပီး စုစုေပါင္း အေလးခ်ိန္ ဂါလံ (၂၀၇၀) ကို သယ္ေဆာင္လာသူ (၃)ဦးႏွင့္အတူ ဖမ္းမိခဲ့ျခင္းျဖစ္သည္။

တာခ်ီလိတ္တြင္ဖမ္းဆီးရမိမႈ၏ ကြင္းဆက္ေဖၚထုတ္ခ်က္ကို ျမန္မာမူးယစ္ရဲတပ္ဖြဲ႕က ထုိင္းႏုိင္ငံဘက္သို႔ ခ်ိတ္ဆက္ၿပီး ဆက္လက္ေဖၚထုတ္ရာမွ မယ္ဆုိင္ၿမိဳ႕ရိွ ေနအိမ္တစ္လံုးတြင္ ဟိုက္ဒရိုကလိုရစ္အက္ဆစ္ ဂါလံေပါင္း (၄၂၉၂) ကို တရုတ္ႏုိင္ငံသား အမ်ိဳးသားတစ္ဦး၊ ထုိင္းနိုင္ငံသူ အမ်ိဳးသမီးတစ္ဦးတုိ႔ႏွင့္အတူ စက္တင္ဘာလ (၁၀)ရက္ေန႔တြင္ ထပ္မံ ဖမ္းမိခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဟိုက္ဒရိုကလိုရစ္အက္ဆစ္မွာ မူးယစ္ေဆးထုတ္လုပ္ရာတြင္ အသံုးျပဳႏုိင္သည့္ ဓါတုပစၥည္းျဖစ္၍ ျမန္မာႏွင့္ ထုိင္းႏွစ္ႏုိင္ငံလံုးတြင္ ထိန္းခ်ဳပ္ဓါတုပစၥည္းမ်ားအျဖစ္ သတ္မွတ္ထားျခင္းျဖစ္ၿပီး အဆိုပါ အက္ဆစ္မ်ားအား စိတ္ၾကြေဆးျပားထုတ္လုပ္ရာတြင္လည္း အသံုးျပဳႏိုင္သလို ရာဘာလုပ္ငန္းတြင္လည္း အသံုးျပဳႏိုင္သည့္အျပင္ အျခားလုပ္ငန္းမ်ားတြင္လည္း အသံုးျပဳႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
Photo: MAESAIPRESS ၊ Peeradet Visetsri


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ချစ်ကြည်ရေးတံတား(၁)ကို ဖြတ်၍ တာချီလိတ်သို့ ဟိုက်ဒရိုကလိုရစ်အက်ဆစ်များ တင်ပို့နေသည့် မယ်ဆိုင်အခြေစိုက် တရုတ်ကုမ္ပဏီမှာ ဓာတုပစ္စည်းများ တင်သွင်း၊တင်ပို့ခွင့်မရှိဘဲ လုပ်ကိုင်နေသည်ကို မယ်ဆိုင်ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မယ်ဆိုင်ဘက်မှနေ၍ သုံးဘီးဆိုင်ကယ် (၂)စီးဖြင့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)မှနေ၍ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၅) ဂါလံပုံးပေါင်း (၁၁၅)ပုံး သယ်လာသည်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့ ညနေပိုင်းက တာချီလိတ်ဘက်ခြမ်းတွင် ဖမ်းမိလိုက်ပြီးနောက် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်းအတွင်း သိမ်းဆည်းထားသည့် ဟိုက်ဒရို ကလိုရစ် အက်ဆစ်များကိုပါ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အလေးချိန် ဂါလံ (၂၀၇၀) ကို သယ်ဆောင်လာသူ (၃)ဦးနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်တွင်ဖမ်းဆီးရမိမှု၏ ကွင်းဆက်ဖော်ထုတ်ချက်ကို မြန်မာမူးယစ်ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံဘက်သို့ ချိတ်ဆက်ပြီး ဆက်လက်ဖော်ထုတ်ရာမှ မယ်ဆိုင်မြို့ရှိ နေအိမ်တစ်လုံးတွင် ဟိုက်ဒရိုကလိုရစ်အက်ဆစ် ဂါလံပေါင်း (၄၂၉၂) ကို တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး၊ ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးတို့နှင့်အတူ စက်တင်ဘာလ (၁၀)ရက်နေ့တွင် ထပ်မံ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဟိုက်ဒရိုကလိုရစ်အက်ဆစ်မှာ မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ဓာတုပစ္စည်းဖြစ်၍ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံလုံးတွင် ထိန်းချုပ်ဓာတုပစ္စည်းများအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး အဆိုပါ အက်ဆစ်များအား စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သလို ရာဘာလုပ်ငန်းတွင်လည်း အသုံးပြုနိုင်သည့်အပြင် အခြားလုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

Tachileik News Agency
Photo: MAESAIPRESS၊ Peeradet Visetsri

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net