တာချီလိတ်မြို့တွင် သတင်းပေးကြောင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရပြီး ၅၀၅-က ဖြင့် အမှုဖွင့်ခံရ

တာချီလိတ်မြို့တွင် သတင်းပေးကြောင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရပြီး ၅၀၅-က ဖြင့် အမှုဖွင့်ခံရ
ဇွန် 19, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်မှုများ မျှဝေရေးသားသည်ဟု ဆိုကာ သတင်းပေးကြောင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရပြီး   ပုဒ်မ ၅၀၅-က ဖြင့် ဇွန်လ(၁၉)ရက်နေ့တွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်ရပ်ကွက်အပိုင်း ပါလျှံမီးပွိုင့်လမ်းဆုံရှေ့ လမ်းကြားရှိ နေအိမ်တွင် နေထိုင်သူ အသက်(၃၃)နှစ်ဝန်းကျင်ရှိ  မယမင်းသူကို ၂၀၂၁ခုနှစ် ဇွန်လ(၁၈)ရက်နေ့က နေ့လည်ပိုင်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းအား တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ခန်းတွင် ထားရှိပြီး စစ်ဆေးမှုများ လုပ်ဆောင်ကာ ဇွန်လ(၁၉)ရက်နေ့တွင် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် သတင်းပေးကြောင့် လူငယ်တစ်စု ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်အပါအဝင် သံပုံးတီး၍ဟု ဆိုကာ ဖမ်းဆီးခံရသူ (၂)ဦး နှင့် ယခု Facebook ပေါ် မျှဝေရေးသားသည်ဟုဆိုကာ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရသူတို့ ရှိသည်။