COVID-19 ကာကွယ်ရေးအတွက် တာချီလိတ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစာ လာရောက်ထုတ်ယူသည့် ပင်စင်စားများအား လက်ဆေးစေပြီးမှ ကိုယ်အပူချိန်တိုင်းကာ လစာထုတ်ပေး

COVID-19 ကာကွယ်ရေးအတွက် တာချီလိတ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစာ လာရောက်ထုတ်ယူသည့် ပင်စင်စားများအား လက်ဆေးစေပြီးမှ ကိုယ်အပူချိန်တိုင်းကာ လစာထုတ်ပေး
မတ် 23, 2020
By Tachileik News Agency
COVID-19 ကာကွယ်ရေးအတွက် တာချီလိတ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစာ လာရောက်ထုတ်ယူသည့် ပင်စင်စားများအား လက်ဆေးစေပြီးမှ ကိုယ်အပူချိန်တိုင်းကာ လစာထုတ်ပေး

တာချီလိတ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ မတ်လ(၂၃)ရက်နေ့၌ ပင်စင်လစာ လာရောက်ထုတ်ယူသူ ပင်စင်စားများအား CIVOD-19 ရောဂါ ကာကွယ်ရန်အတွက် ဘဏ်အဝင်တွင် လက်ဆေးခြင်း နှင့် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း ဆောင်ရွက်ပြီးမှ လစာထုတ်ခွင့်ပေးထားကြောင်း သိရသည်။

ဘဏ်အဝင်ပေါက်တွင် လက်ဆေးနိုင်ရန်အတွက် ဆပ်ပြာ နှင့် ရေ အပါအဝင် Hand Gel တို့ကို ပြင်ဆင်ပေးထားပြီး ဘဏ်အတွင်း အဝင်တွင် ကိုယ်အပူချိန်တိုင်းတာဖြင့် ကိရိယာဖြင့် တိုင်းတာစစ်ဆေးကြောင်း သိရသည်။

တာချီလိတ်ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ လစဉ် ပင်စင်လစာ လာရောက်ထုတ်ယူသည့် ပင်စင်စား စုစုပေါင်းမှာ (၄၀၀)ကျော်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~