ထိုင်းနိုင်ငံဘက်က စေတနာရှင်များမှ အခေါင်း အလုံး(၁၅၀)ကို တာချီလိတ်ခရိုင်အတွက် လှူဒါန်း

ထိုင်းနိုင်ငံဘက်က စေတနာရှင်များမှ အခေါင်း အလုံး(၁၅၀)ကို တာချီလိတ်ခရိုင်အတွက် လှူဒါန်း

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ တာလေနှင့် မိုင်းဖြတ်မြို့များအတွက် ထိုင်းနိုင်ငံမှ စေတနာရှင်များက လှူဒါန်းသည့် ခေါင်းတလား (၁၅၀)လုံးကို ၂၀၂၁ ခုနှစ် ဇွန်လ (၁၀) ရက်နေ့တွင် မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ ပို့ဆောင်ကြောင်း သိရသည်။

အဆိုပါ ခေါင်းတလားများကို ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှနေ၍ လူမှုကရုဏာအသင်း(မယ်ဆိုင်) ဥက္ကဌ ကိုစိုင်းနှင့်အဖွဲ့က တာချီလိတ်ဘက်ရှိ  တရုတ်ဘုံကျောင်းသို့ ပို့ဆောင်ပေးပြီး တာချီလိတ်၊ တာလေနှင့် မိုင်းဖြတ်မြို့များရှိ လူမှုကူညီရေးအသင်းများအား ခွဲဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်၊ တာလေနှင့် မိုင်းဖြတ်မြို့များရှိ လူမှုကူညီရေးအသင်းများကို ထိုင်းနိုင်ငံဘက်မှ အလှူရှင်များက ပေးပို့လှူဒါန်းသည့် ခေါင်းတလားများကို မယ်ဆိုင်လူမှုကူညီရေးအသင်းမှတစ်ဆင့် နှစ်စဉ်ပေးပို့နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: ကိုစိုင်း