တာချီလိတ်မြို့တွင် ဓါတ်ဆီပုလင်းကိုင်နေစဉ် အနီးရှိလူတစ်ဦးက ဆေးလိပ်မီးဖြင့် စနောက်ရင်း မီးလောင်ခံရမှု ဖြစ်ပွား 

တာချီလိတ်မြို့တွင် ဓါတ်ဆီပုလင်းကိုင်နေစဉ် အနီးရှိလူတစ်ဦးက ဆေးလိပ်မီးဖြင့် စနောက်ရင်း မီးလောင်ခံရမှု ဖြစ်ပွား 

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းစုပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ဘုန်းကြီးကျောင်းမှ ကပ္ပိယတစ်ဦး ဓါတ်ဆီပုလင်းကိုင်နေစဉ် အနီးရှိ လူတစ်ယောက်က ဆေးလိပ်မီးဖြင့် စနောက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် ဧပြီလ(၁၈)ရက်နေ့၏ နေ့လည်ပိုင်းက  ဘုန်းကြီးကျောင်းမှ ကပ္ပိယတစ်ဦးဖြစ်သည့် အသက်(၃၀)ဝန်းကျင်ရှိ ကိုဖိုးခွားဆိုသူသည် ဓါတ်ဆီထည့်နေစဉ် အနီးရှိ ၎င်း၏ မိတ်ဆွေတစ်ဦးက ဆေးလိပ်မီးဖြင့် တို့မည်ဟု ပြောဆို စနောက်ရင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသော်လည်း ဖြစ်စဉ် အသေးစိတ်ကိုတော့ Tachileik News Agency အနေဖြင့် မသိရသေးပေ။

မီးလောင်မှုကြောင့် ခန္ဓာကိုယ်များပါ မီးလောင်ခံထားရသည့်အတွက် ၎င်းအား ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။



#TachileikNewsAgency

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း