လာအိုနိုင်ငံက ပြန်လာပြီး တာချီလိတ်မှ တဆင့် နေရပ်ပြန်သွားသည့် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့

လာအိုနိုင်ငံက ပြန်လာပြီး တာချီလိတ်မှ တဆင့် နေရပ်ပြန်သွားသည့် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့
ဇူလိုင် 4, 2020
By Tachileik News Agency
လာအိုနိုင်ငံက ပြန်လာပြီး တာချီလိတ်မှ တဆင့် နေရပ်ပြန်သွားသည့် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့က လာအိုနိုင်ငံဘက်မှ ပြည်တော်ပြန်လာသည့် (၁၈၆) ဦးအနက် ရန်ကုန်သို့ ပြန်သွားသူ အမျိုးသား(၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ဇူလိုင်လ (၄)ရက်နေ့၌ ဓာတ်ခွဲအဖြေရလာသည်။

လာအိုပြန်ကတော့ ကျွန်တော်တို့ တာချီလိတ်ဘက်က ပြန်လာတဲ့သူဖြစ်နေလို့ အဲဒီနေ့က ကားအတူစီးပြန်သွားတဲ့ စာရင်း ထွေအုပ်ကို ကျန်းမာရေးက တောင်းနေတယ်။ ပြန်တဲ့တစ်လျှောက်မှာ ကားအတူစီးသွားသူတွေ စာရင်းကို ကျွန်တော်တို့က ရန်ကုန်ကို ပို့ပေးရမှာ

ဟု COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ပြည်နယ်အဆင့် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတည်ပြုလူနာဖြစ်သွားသည့် လာအိုမှ ပြည်တော်ပြန်နှင့်အတူ ဝင်လာသူများတွင် တာချီလိတ် quarantine တွင်ထားသူများ၏ ဓာတ်ခွဲအဖြေ၌ ပိုးမတွေ့ရသဖြင့် ရပ်ကွက်အသီးသီးတွင် Quarantine (၂၁) ရက်ပြည့်သည်အထိ ဆက်လက်နေထိုင်နေခြင်းဖြစ်သည်။

သူတို့ကို ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူတို့အစီအစဉ်နဲ့သူတို့ (၂၁) ရက်ပြည့်အောင် ဆက်ထားနေတယ်။ အခု မိုးကုတ်ဝိပဿနာမှာတော့ (၁၀)ရက်နေပြီးသွားပြီ။ အကုန်လုံးက တာချီလိတ်မြို့ပေါ်ကပဲ။ မိုင်းကိုးနဲ့ တာလေကလည်းပါတယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

လာအိုနိုင်ငံမှ ပြန်လာသူ (၁၈၆)ဦးတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှ (၈)ဦး၊ မိုင်းဆတ်မှ (၇)ဦး ပါဝင်ခြင်းဖြစ်သည်။

နယ်စပ်မြို့ တာချီလိတ်သို့ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ပြည်တော်ပြန်များအား လက်ခံရာတွင် တာချီလိတ်ဒေသခံများကို တာချီလိတ်၌ အသွားအလာကန့်သတ်၍ ဓာတ်ခွဲစစ်ဆေးပြီး ကျန်ပြည်တော်ပြန်များအား သက်ဆိုင်ရာ ဒေသအသီးသီးသို့ ချက်ချင်းပို့ဆောင်ကာ အသွားအလာကန့်သတ်နေထိုင်စေခြင်းဖြစ်သည်။

ပုံအညွန်း - ၂၀၂၀ခုနှစ် ဇွန်လ(၂၄)ရက်နေ့က လာအိုနိုင်ငံက နေရပ်ပြန် မြန်မာနိုင်ငံသား (၁၈၆)ဦး ပြန်လာသည်ကို တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းတွင် လက်ခံပေးနေစဉ်

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~