အများပြည်သူသိရှိစေရန် အသိပေးကြေညာခြင်း

အများပြည်သူသိရှိစေရန် အသိပေးကြေညာခြင်း
အောက်တိုဘာ 2, 2020
By Tachileik News Agency

အများပြည်သူသိရှိစေရန် အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် အခြေစိုက်သည့် တာချီလိတ်သတင်းအေဂျင်စီ - Tachileik News Agency သည် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် အမှတ် (၀၀၀၀၈) ရရှိခဲ့ပြီးနောက် သတင်းစာကျင့်ဝတ်နှင့်အညီ သတင်းများထုတ်လွှင့်ဖော်ပြနေသည့် လွတ်လပ်သော သတင်းဌာနအဖြစ် ရပ်တည်လျှက်ရှိပါသည်။

တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းကျင့်ဝတ်နှင့်အညီ ထုတ်လွှင့်ထားသည့် သတင်းများကို အများပြည်သူများအား အခမဲ့ ဖတ်ရှုခွင့်ပေးထားခြင်းဖြစ်ပြီး  သတင်းဌာန၏ ကြော်ငြာစည်းကမ်းချက်နှင့် ကိုက်ညီသည့် စီးပွားရေးကြော်ငြာများမှအပ သတင်း ထုတ်လွှင့်ခြင်းအတွက်လည်းကောင်း၊ သတင်းတင်ပြခြင်းအတွက်လည်းကောင်း ငွေကြေးတစ်စုံတစ်ရာ တောင်းခံရယူခြင်း မရှိပါ။

ယခုအခါ သတင်းကျင့်ဝတ်နှင့်အညီ သတင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် တာချီလိတ်သတင်းအေဂျင်စီ၏ အမည်၊ တာချီလိတ်သတင်းအေဂျင်စီ၏ ဝန်ထမ်းများအမည်ကို မဟုတ်မမှန် အသုံးပြု၍  မသမာသူအချို့က လူပုဂ္ဂိုလ်နှင့် လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများထံမှ ငွေကြေးတောင်းခံခြင်း၊ အခွင့်အရေးတောင်းခံခြင်းများ လုပ်ဆောင်မှုများရှိနေသည်ဟု ကြားသိရပါသည်။

ထိုကဲ့သို့ ကြားသိရခြင်းအပေါ် တာချီလိတ်သတင်းအေဂျင်စီအနေဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စုံစမ်းဖေါ်ထုတ်လျှက်ရှိပါသည်။

ထို့ကြောင့် တာချီလိတ်သတင်းအေဂျင်စီအမည်ကို လည်းကောင်း၊ တာချီလိတ်သတင်းအေဂျင်စီ ဝန်ထမ်းများ အမည်ကို လည်းကောင်း အလွဲသုံးစားပြု၍ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံမှ ငွေကြေးတစ်စုံတစ်ရာ (သို့မဟုတ်) အခွင့်အရေးတစ်စုံတစ်ရာ တောင်းခံမှုများ မပြုလုပ်ကြရန် သတိပေးတားမြစ်လိုက်သည်။

ယင်းအပြင် တာချီလိတ်သတင်းအေဂျင်စီကိုလည်းကောင်း၊ တာချီလိတ်သတင်းအေဂျင်စီဝန်ထမ်းများကိုလည်းကောင်း သတင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် အကြောင်းအရာ ခိုင်လုံခြင်းမရှိဘဲ အသရေဖျက်မှုများ ကိုလည်း မပြုလုပ်ကြရန် အသိပေးတားမြစ်လိုက်သည်။

လိုက်နာခြင်းမရှိဘဲ ဆောင်ရွက်ပါက တာချီလိတ်သတင်းအေဂျင်စီအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထပ်လောင်းအသိပေး ကြေညာလိုက်သည်။

မိဘပြည်သူများ အနေဖြင့် တာချီလိတ်သတင်းအေဂျင်စီ၏ အမည်အားအသုံးပြု၍လည်းကောင်း၊ တာချီလိတ်သတင်း အေဂျင်စီ ဝန်ထမ်းများ၏ အမည်အား အသုံးပြု၍ လည်းကောင်း ငွေကြေး တောင်းခံမှုများ တွေ့မြင်သိရှိပါက သတင်းဌာန၏ ဖုန်းနံပါတ် ၀၉ ၄၂၁၁၄၃၇၇၁ သို့ ဆက်သွယ်သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ
ဦးဇော်ဝင်းနိုင်
ဥပဒေဘွဲ့
အထက်တန်းရှေ့နေ(စဉ် - ၄၄၂၈၀)
Pang Long Lawfirm (Professional Legal Solution)
အမှတ် - ၉၄၊ ၃၉ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ၀၉ - ၄၂၈ ၂၀၁ ၀၀၈