တာချီလိတ်မြို့တွင် Quarantine ထားသည့်အထဲက (၃၀)ဦးတွင် Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် Quarantine ထားသည့်အထဲက (၃၀)ဦးတွင် Covid-19 ပိုးတွေ့
ဇွန် 4, 2021 | Covid-19| ရှမ်းရှေ့

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၁၀၂)ဦးကို ယနေ့ ဇွန်လ(၄)ရက်နေ့တွင် Covid-19 စစ်ဆေးရာ (၃၀)ဦးတွင် Covid-19 ပိုးတွေ့ရှိရကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဇွန်လ(၁)ရက်နေ့က ထိုင်းနိုင်ငံဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၁၀၉)ဦးကို ချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ်ဘက်တွင် Covid-19 စစ်ဆေးရာ (၁၀၉)ဦးအနက် (၇)ဦးတွင် ပိုးတွေ့ရပြီး ကျန်ရှိသည့် (၁၀၂)ဦးကို ယနေ့ စစ်ဆေးရာက (၃၀)ဦးတွင် ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

ယနေ့ ပိုးတွေ့သည့် (၃၀)ဦးမှာ အမျိုးသား (၁၉)ဦး နှင့် အမျိုးသမီး(၁၁)ဦး ပါဝင်ကြောင်း သိရသည်။

Facility Quarantine Centre ဖွင့်လှစ်ထားသည့် မိုးကုတ်တရားရိပ်သာတွင် ( ၁၀၂ )ဦးကို ထားရှိပြီး ယနေ့တွင် ပြန်လည်စစ်ဆေးခြင်း ဖြစ်သည်။