မိုင်းဆတ်မြို့တွင် တာချီလိတ်မှ လာသည့် အမျိုးသားတစ်ဦးထံက Covid-19 ပိုးတွေ့

မိုင်းဆတ်မြို့တွင် တာချီလိတ်မှ လာသည့် အမျိုးသားတစ်ဦးထံက Covid-19 ပိုးတွေ့
သြဂုတ် 17, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့အဝင်တွင် တာချီလိတ်မှ လာသည့် အမျိုးသားတစ်ဦးထံက Covid-19 စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မိုင်းဆတ်မြို့အဝင်ရှိ ဆိုက်ခေါင် Covid-19 စစ်ဆေးရေးဂိတ်တွင် ဩဂုတ်လ(၁၆)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့မှ ကားဖြင့် ရောက်ရှိလာသည့် အမျိုးသား(၄)ဦးအား RTD Test Kit ဖြင့် စစ်ဆေးရာမှ အသက်(၃၁)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိသည်။

ပိုးတွေ့ရသူ တစ်ဦးကို Covid-19 ပိုးတွေ့သူများကို သီးသန့်ထားသည့် ဝိန်းနေရပ်ကွက်ရှိ လူနာဆောင်တွင် ထားရှိပြီး ပိုးမတွေ့သည့် ကျန် အမျိုးသား(၃)ဦးကိုလည်း ဆွမ်တောင်ရပ်ကွက်ရှိ မိုးလုံလေလုံ Quarantine Center တွင် Quarantine ထားလိုက်ကြောင်း သိရသည်။

မိုင်းဆတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ယနေ့အထိ Covid-19 ကူးစက်ခံထားရသူ (၆၀)နီးပါးအထိရှိနေပြီး (၃၁)ဦးမှ သတ်မှတ်ရက်ပြည့်၍ နေအိမ်ပြန်ခွင့်ရသွားကြပြီ ဖြစ်ကြောင်း သိရသည်။