Covid-19 ကာလအတွင်း အယောက်(၂၀)မြောက် လာအိုနိုင်ငံသား တစ်ဦး တာချီလိတ်မှ တဆင့် လာအိုသို့ ပြန်

Covid-19 ကာလအတွင်း အယောက်(၂၀)မြောက် လာအိုနိုင်ငံသား တစ်ဦး တာချီလိတ်မှ တဆင့် လာအိုသို့ ပြန်
သြဂုတ် 25, 2020
By Tachileik News Agency
Covid-19 ကာလအတွင်း အယောက်(၂၀)မြောက် လာအိုနိုင်ငံသား တစ်ဦး တာချီလိတ်မှ တဆင့် လာအိုသို့ ပြန်
မြန်မာနိုင်ငံအတွင်း တရားဝင်ဗီဇာဖြင့်ရောက်ရှိနေပြီး Covid-19 ကာလအတွင်း လာအိုနိုင်ငံသို့ ပြန်လိုသည့်  လာအိုနိုင်ငံသား တစ်ဦးကို တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းမှတဆင့် လာအိုနိုင်ငံသို့ ၂၀၂၀ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ မနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ရာ တာချီလိတ်မှတဆင့် လာအိုနိုင်ငံသို့ ပြန်သွားသည့် လာအိုနိုင်ငံသား စုစုပေါင်း (၂၀)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
"လာအိုနိုင်ငံသားက ပြန်ချင်တယ်ဆိုရင် သူ့သက်ဆိုင်ရာသံရုံးကို အကြောင်းကြားပြီးတော့ မြန်မာနိုင်ငံ MOFA က ကျွန်တော်တို့ဆီ အကြောင်းကြားပြီးမှ အဆင့်ဆင့်သွားတာပေါ့။ လေကြောင်းခရီးစဉ်တွေလည်းမရှိတော့ သံရုံးရဲ့ တရားဝင်အကြောင်းကြားစာနဲ့မှ ပြန်လို့ရတယ်"ဟု  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းမှတဆင့် လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းသို့ လာအိုနိုင်ငံသားများကို ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် ပထမအကြိမ်အဖြစ် လာအိုနိုင်ငံသား (၂) ဦး၊ ဒုတိယအကြိမ်အဖြစ် လာအိုနိုင်ငံသား (၄) ဦး၊ တတိယအကြိမ်အဖြစ် လာအိုနိုင်ငံသား (၁၃) ဦး၊ စတုတ္ထအကြိမ်အဖြစ် လာအိုနိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၂၀) ဦးကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာ- ထိုင်း- လာအို နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့မှတဆင့် သက်ဆိုင်ရာသံရုံးများ၏ ထောက်ခံစာပါရှိသော ထိုင်းနိုင်ငံသားများနှင့် လာအိုနိုင်ငံသားများကို စနစ်တကျပြန်လည်လွှဲပြောင်းပေးမှုများလုပ်ဆောင်နေပြီး ၎င်းနိုင်ငံများမှ မြန်မာနိုင်ငံသို့ လာပြန်လာချင်သည့်   မြန်မာနိုင်ငံသားများကိုလည်း စိစစ်လက်ခံပေးနေသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ရဲမြင့်ဦး
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~