တာချီလိတ်သို့ နယ်စပ်ဝင်ပေါက်ကနေ ရောက်လာတဲ့ တရုတ်နိုင်ငံသား(၄၀)ဦးထဲက တစ်ဦးကို ကိုယ်ပူချိန်မြင့်တက်နေကြောင်း ကျန်းမာရေးက စစ်ဆေးတွေ့ရှိတာချီလိတ်သို့ နယ်စပ်ဝင်ပေါက်ကနေ ရောက်လာတဲ့ တရုတ်နိုင်ငံသား(၄၀)ဦးထဲက တစ်ဦးကို ကိုယ်ပူချိန်မြင့်တက်နေကြောင်း ကျန်းမာရေးက စစ်ဆေးတွေ့ရှိ

ဇန်နဝါရီ 25, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်သို့ နယ်စပ်ဝင်ပေါက်ကနေ ရောက်လာတဲ့ တရုတ်နိုင်ငံသား(၄၀)ဦးထဲက တစ်ဦးကို   ကိုယ်ပူချိန်မြင့်တက်နေကြောင်း ကျန်းမာရေးက စစ်ဆေးတွေ့ရှိ

မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁) တံတားပေါ်မှာ တရုတ်နိုင်ငံ ဝူဟန်တွင်ဖြစ်ပွားနေတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီးဖို့အတွက် စစ်ဆေးမှုတွေလုပ်ဆောင်နေစဉ်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ နေ့လည်ပိုင်းက  ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား (၄၀) ဦးထဲက တရုတ်အမျိုးသမီးတစ်ဦးကို ကိုယ်ပူချိန်မြင့်တက်နေတာတွေ့ရှိခဲ့ရတဲ့အတွက် စောင့်ကြည့်မှုတွေ လုပ်ဆောင်နေကြောင်း တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောပါတယ်။

တရုတ်နိုင်ငံ ယူနန်မြို့ကနေ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး မော်တော်ယာဉ် (၁၂) စီးနဲ့ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား (၄၀) ဦးပါဝင်တဲ့ ခရီးသွားအဖွဲ့ဟာ  မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေဝင်ရောက်ပြီး (၁၃) ရက်ကြာလည်ပတ်ကာ မြဝတီမြို့ကနေတဆင့် ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာဖို့ စီစဉ်ထားပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~