ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အတည်ပြုလူနာ (၁)ဦး တွေ့ရှိထား၍ တာချီလိတ်တွင် အပြင်ထွက်သွားလာခြင်းများကို စိစစ် တားမြစ်ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အတည်ပြုလူနာ (၁)ဦး တွေ့ရှိထား၍ တာချီလိတ်တွင် အပြင်ထွက်သွားလာခြင်းများကို စိစစ် တားမြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အတည်ပြုလူနာ (၁)ဦး တွေ့ရှိထား၍ တာချီလိတ်တွင် အပြင်ထွက်သွားလာခြင်းများကို စိစစ် တားမြစ်ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အတည်ပြုလူနာ (၁)ဦး တွေ့ရှိထား၍ တာချီလိတ်တွင် အပြင်ထွက်သွားလာခြင်းများကို စိစစ် တားမြစ်
ဧပြီ 15, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အတည်ပြုလူနာ (၁)ဦး တွေ့ရှိထား၍ တာချီလိတ်တွင် အပြင်ထွက်သွားလာခြင်းများကို စိစစ် တားမြစ်

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် COVID-19 အတည်ပြုလူနာ (၁)ဦးတွေ့ရပြီးနောက် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ နေ့လယ် (၁)နာရီမှစပြီး အရေးကြီးကိစ္စအတွက်မှလွဲ၍ အိမ်ပြင်ထွက်သွားလာခြင်းများကို ဆက်လက် စိစစ်တားမြစ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခု တာချီလိတ်က လူတွေက မကြောက်ဘူးဖြစ်နေတယ်။ မိုင်းဖြတ်မှာ အတည်ပြုလူနာတွေ့တယ်ဆိုလည်း မကြောက်ကြဘူး။ ဒီတော့ အိမ်ပြင်ကို အရေးကြီးအကြောင်းကိစ္စမရှိရင် အလည်အပတ်မထွက်ကြဖို့ ဒီနေ့ နေ့လယ်ကစပြီး စစ်မယ်။ အရေးကြီးကိစ္စအကြောင်းအရာမပြနိုင်ရင် နောက်ပြန်လှည့် အိမ်ပြန်ခိုင်းမှာ”ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၅)ရက်နေ့တွင် ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဧပြီလ (၁၅)ရက်နေ့ နံနက်သတင်းထုတ်ပြန်ချက်အထိ COVID 19 အတည်ပြုလူနာ စုစုပေါင်း (၇၄)ဦးရှိလာပြီး ယင်းတို့အနက် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၁)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် (၁)ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၁)ဦး ပါဝင်ခြင်းဖြစ်သည်။

အတည်ပြုလူနာများတိုးလာသည်နှင့်အမျှ ဒေသတွင်း ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် မိမိနေအိမ်တွင်သာ နေထိုင်ကြပြီး မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ အာဟာရပြည့်ဝစွာစားသုံးပြီး ကောင်းစွာအိပ်စက်အနားယူရန်၊ အချိုရည်အစား ရေများများသောက်သုံးခြင်း၊ ဆားရေဖြင့်အာလုတ်ကျင်းခြင်းများ ပြုလုပ်ရန်၊ မဖြစ်မနေ အိမ်ပြင်ထွက်ရပါက နှာခေါင်းစည်းတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ စကားပြောရန်၊ လက်ကို အယ်လ်ကိုဟော (၆၀)ရာခိုင်နှုန်းပါသည့် Hand Gel ဖြင့်ဆေးခြင်း၊ ဆပ်ပြာဖြင့်ဆေးခြင်းများ မကြာခဏပြုလုပ်ရန်၊ နှာစေးချောင်းဆိုးသည့်အခါတိုင်း တစ်ခါသုံးတစ်ရှုးအသုံးပြု၍ အသုံးပြုပြီးတစ်ရှုးများကို စနစ်တကျစွန့်ပစ်ရန်၊ လူစုလူဝေးရှိရာသို့ လုံးဝမသွားရန်၊ ဖျားနာ၊ချောင်းဆိုး၊ အသက်ရှုကြပ်၊ အားအင်ကုန်ခမ်း ချိနဲ့ခြင်းများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးအကြောင်းကြားရန်၊ ဧည့်သည်လာခြင်းကို လုံးဝလက်မခံရန်၊ နေအိမ်Quarantine ထားသူ မိမိဝန်းကျင်တွင်ရျိပါက စနစ်တကျလိုက်နာနေထိုင်ခြင်းရှိ၊ မရှိ ကြည့်ရှုပေးရန် ခရိုင်စီမံခန့်ခွဲမှုကော်မတီက ဧပြီလ (၁၅)ရက်နေ့တွင် တာချီလိတ်မြို့နယ်တွင်း ပြည်သူများသို့ အသိပေးပန်ကြားချက် ထုတ်ပြန်ထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~