တာချီလိတ်တွင် နိုဝင်ဘာလ(၂၈)ရက်နေ့၌ ထပ်တိုးသည့် Covid-19 အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့သူ (၂၇)ဦးကို အသွားအလာ ကန့်သတ်ထား

တာချီလိတ်တွင် နိုဝင်ဘာလ(၂၈)ရက်နေ့၌ ထပ်တိုးသည့် Covid-19 အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့သူ (၂၇)ဦးကို အသွားအလာ ကန့်သတ်ထား
နိုဝင်ဘာ 28, 2020
By Tachileik News Agency
 
တာချီလိတ်တွင် နိုဝင်ဘာလ(၂၈)ရက်နေ့၌ ထပ်တိုးသည့် Covid-19 အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့သူ (၂၇)ဦးကို အသွားအလာ ကန့်သတ်ထား 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့၌ ထပ်တိုးတွေ့ရသည့် COVID 19 အတည်ပြုလူနာ (၃) ဦးနှင့်ထိတွေ့သူ စုစုပေါင်း (၂၇) ဦးထပ်မံတွေ့ရှိထားကြောင်း သိရသည်။
 
“အတည်ပြုလူနာ (၃)ဦးထပ်တိုးတယ်။ သူတို့နဲ့ ထိတွေ့သူတွေကို နောက်နေ့ ထပ်စစ်မယ်။ ပုံမှန်အားဖြင့်တော့ positive တွေလည်း ထွက်လာဖို့ရှိပါတယ်။ ဆေးရုံကိုလည်း ပြင်နေသလို quarantine ထားဖို့လည်း ပြင်နေပါတယ်။”ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးမှူး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နိုဝင်ဘာလ (၂၈) ရက်နေ့၌ ထပ်တိုးလာသည့် အတည်ပြုလူနာ (၃) ဦးနှင့် ထိတွေ့သူ (၂၇) ဦးကို အသွားအလာကန့်သတ်ထားပြီး ၎င်းတို့အား RDT ဖြင့် စစ်ဆေးသွားမည်ဖြစ်သည်။
ထပ်တိုးတွေ့ရသည့် (၃)ဦးတွင် (၂)ဦးမှာ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းက ဖြစ်ပြီး တစ်ဦးမှာ ပါဆတ်ရပ်ကွက်က ဖြစ်ကြောင်း သိရသည်။
ရောဂါကူးစက်သည့်ဒေသများမှ ပြန်လာခြင်း မဟုတ်ဘဲ ကျိုင်းတုံမြို့သို့သာ သွားရောက်ခဲ့ပြီး တာချီလိတ်တွင်သာ နေထိုင်သည်ဟုဆိုသည့် ဟိုတယ်ဝန်ထမ်း အမျိုးသမီး (၁) ဦး၌ COVID 19 ပိုးတွေ့ရကြောင်း နိုဝင်ဘာလ (၂၅) ရက်နေ့က စစ်ဆေးတွေ့ရပြီးနောက် ၎င်းနှင့်ဆက်စပ်သူ (၉) ဦးတွင် COVID 19 ကူးစက်ခံထားရသည်ကို နိုဝင်ဘာလ (၂၇) ရက်နေ့နှင့် (၂၈) ရက်နေ့ စစ်ဆေးမှုများအတွင်း တွေ့ထားရခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~