မူဆယ်နှင့်နယ်စပ် တရုတ် ကျယ်ဂေါင်တွင် COVID 19 စစ်ဆေးနေ

မူဆယ်နှင့်နယ်စပ် တရုတ် ကျယ်ဂေါင်တွင် COVID 19 စစ်ဆေးနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နှင့် နယ်စပ်ဖြစ်သည့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တွင် ၂၀၂၁ ခုနှစ် မေလ (၂၉) ရက်နေ့နံနက်ပိုင်းက COVID 19 စစ်ဆေးမှုပြုလုပ်ပေးနေကြောင်း သိရသည်။

မြန်မာနှင့်နယ်စပ်မြို့များဖြစ်သည့် ကျယ်ဂေါင်နှင့် ရွှေလီမြို့များတွင် COVID 19 အတည်ပြုလူနာများတွေ့ခဲ့သဖြင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်တစ်ခုဖြစ်သည့် မန့်ဝိန်းဂိတ်ပေါက်ကို မတ်လ (၃၀) ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ကျယ်ဂေါင်ဘက်ရှိ တရုတ်၊ မြန်မာနိုင်ငံသားအားလုံးကို COVID 19 စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။



Photo: CJ