ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းအတြက္ က်ပ္သိန္း သံုးေသာင္းေက်ာ္ ေျမယာေလ်ာ္ေၾကး ေပးအပ္ထားၿပီး (၃.၂)ရာခုိင္ႏႈန္းသာ ေပးအပ္ရန္က်န္ရိွ

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းအတြက္ က်ပ္သိန္း သံုးေသာင္းေက်ာ္ ေျမယာေလ်ာ္ေၾကး ေပးအပ္ထားၿပီး (၃.၂)ရာခုိင္ႏႈန္းသာ ေပးအပ္ရန္က်န္ရိွ
ဧပြီ 13, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕တြင္ ၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းအတြက္ ေျမယာ၊သီးႏွံ၊ အေဆာက္အဦေလ်ာ္ေၾကးေပးအပ္မႈ (၁၀)ႀကိမ္ေျမာက္အျဖစ္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၂)ရက္ေန႔က နစ္နာသူေတာင္သူမ်ားကို ေလ်ာ္ေၾကးစုစုေပါင္း က်ပ္သိန္းေပါင္း (၃၀၀၀)ေက်ာ္ ေပးအပ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္ေလ်ာ္ေၾကးစိစစ္ထုတ္ေပးေရးေကာ္မတီက စိစစ္အတည္ျပဳၿပီးသည့္ ေတာင္သူ (၉) ဦး၊ ဦးပိုင္ (၁၅) ခု၊ ဧရိယာ (၁၇.၇၂)ဧကအတြက္ ေလ်ာ္ေၾကးေငြက်ပ္ (၂၅၅ ,၈၆၆ ,၄၅၀) ႏွင့္ အမွန္တကယ္နစ္နာသည့္ ေတာင္သူ (၅) ဦးအတြက္ သီးျခားေထာက္ပံ့ေငြ (၅၇,၅၀၁,၀၀၀) အား ေနာင္ခ်ိဳၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၌ နံနက္ (၁၀)နာရီအခ်ိန္က ေပးအပ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေနာင္ခ်ိဳၿမိဳ႕ေ႐ွာင္လမ္းအတြက္ ေလ်ာ္ေၾကးေငြေပးအပ္သည့္ (၁၀)ႀကိမ္ေျမာက္အထိ စုစုေပါင္း ေတာင္သူ (၂၁၁) ဦး၊ ဦးပိုင္ (၂၈၉)၊ ဧရိယာဧက (၂၈၅.၅၇) ဧကအတြက္ ေလ်ာ္ေၾကးေငြ စုစုေပါင္း က်ပ္ ( ၃,၇၉၉,၁၁၈,၄၉၁) ေပးအပ္ခဲ့ၿပီးျဖစ္ရာ ေလ်ာ္ေၾကးေငြေပးအပ္မႈ (၉၆.၈) ရာခုိင္ႏႈန္းရိွၿပီးျဖစ္ေၾကာင္း သိရသည္။

ေလ်ာ္ေၾကးေငြေပးအပ္ရာသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္၊ ဒုတိယခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ႏိုင္ထြန္းႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ၿမိဳ႕နယ္ေလ်ာ္ေၾကးစိစစ္ထုတ္ေပးေရးေကာ္မတီတို႔မွ တာဝန္ရိွသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

အဆိုပါ စီမံကိန္းဧရိယာအတြင္းပါဝင္သျဖင့္ ေလ်ာ္ေၾကးေငြေပးအပ္ရန္ က်န္ ႐ွိေသာ ေတာင္သူ (၇) ဦး၊ ဦးပိုင္ (၁၁)၊ ဧရိယာ (၁၂.၃၆) ဧကအား နစ္နာေၾကးေငြမ်ား အျမန္ဆံုးေပးအပ္ႏုိင္ေရးႏွင့္ ၿမိဳ႕ေ႐ွာင္လမ္း အျမန္ေဖာက္လုပ္ႏိုင္ေရးအတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ေလ်ာ္ေၾကးစိစစ္ထုတ္ေပးေရးအဖြဲ႔မ်ား ပူးေပါင္း ညႇိနိႈင္းစည္း႐ုံးေဆာင္ရြက္လ်က္ရိွေၾကာင္း ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။

Tachileik News Agency
ဓါတ္ပံု - ခရိုင္ေထြအုပ္




~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် မြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်စီမံကိန်းအတွက် မြေယာ၊သီးနှံ၊ အဆောက်အဦလျော်ကြေးပေးအပ်မှု (၁၀)ကြိမ်မြောက်အဖြစ် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့က နစ်နာသူတောင်သူများကို လျော်ကြေးစုစုပေါင်း ကျပ်သိန်းပေါင်း (၃၀၀၀)ကျော် ပေးအပ်ကြောင်း သိရသည်။

မြို့နယ်လျော်ကြေးစိစစ်ထုတ်ပေးရေးကော်မတီက စိစစ်အတည်ပြုပြီးသည့် တောင်သူ (၉) ဦး၊ ဦးပိုင် (၁၅) ခု၊ ဧရိယာ (၁၇.၇၂)ဧကအတွက် လျော်ကြေးငွေကျပ် (၂၅၅ ,၈၆၆ ,၄၅၀) နှင့် အမှန်တကယ်နစ်နာသည့် တောင်သူ (၅) ဦးအတွက် သီးခြားထောက်ပံ့ငွေ (၅၇,၅၀၁,ဝဝဝ) အား နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ နံနက် (၁၀)နာရီအချိန်က ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့ရှောင်လမ်းအတွက် လျော်ကြေးငွေပေးအပ်သည့် (၁၀)ကြိမ်မြောက်အထိ စုစုပေါင်း တောင်သူ (၂၁၁) ဦး၊ ဦးပိုင် (၂၈၉)၊ ဧရိယာဧက (၂၈၅.၅၇) ဧကအတွက် လျော်ကြေးငွေ စုစုပေါင်း ကျပ် ( ၃,၇၉၉,၁၁၈,၄၉၁) ပေးအပ်ခဲ့ပြီးဖြစ်ရာ လျော်ကြေးငွေပေးအပ်မှု (၉၆.၈) ရာခိုင်နှုန်းရှိပြီးဖြစ်ကြောင်း သိရသည်။

လျော်ကြေးငွေပေးအပ်ရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လျော်ကြေးစိစစ်ထုတ်ပေးရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ စီမံကိန်းဧရိယာအတွင်းပါဝင်သဖြင့် လျော်ကြေးငွေပေးအပ်ရန် ကျန် ရှိသော တောင်သူ (၇) ဦး၊ ဦးပိုင် (၁၁)၊ ဧရိယာ (၁၂.၃၆) ဧကအား နစ်နာကြေးငွေများ အမြန်ဆုံးပေးအပ်နိုင်ရေးနှင့် မြို့ရှောင်လမ်း အမြန်ဖောက်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်၊ မြို့နယ် လျော်ကြေးစိစစ်ထုတ်ပေးရေးအဖွဲ့များ ပူးပေါင်း ညှိနှိုင်းစည်းရုံးဆောင်ရွက်လျက်ရှိကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency
ဓာတ်ပုံ - ခရိုင်ထွေအုပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net