မကွေးတွင် Facility Qurantine ထားသည့် (၂၀၀)ကျော်အနက် (၇၀) နေရပ်ပြန်ပို့

မကွေးတွင် Facility Qurantine ထားသည့် (၂၀၀)ကျော်အနက် (၇၀) နေရပ်ပြန်ပို့
ဧပြီ 8, 2020
By Tachileik News Agency
မကွေးတွင် Facility Qurantine ထားသည့် (၂၀၀)ကျော်အနက် (၇၀) နေရပ်ပြန်ပို့

နိုင်ငံအသီးသီးမှ မကွေးမြို့သို့ ပြန်လာကာ (၁၄)ရက် Facility Quarantine ခံယူပြီးသည့် (၇၀) ဦးအား ဧပြီလ (၈) ရက်နေ့တွင် ကျန်းမာရေးဌာန၏ ထောက်ခံချက်နှင့်တကွ နေရပ်အသီးသီးသို့ ပထမဦးဆုံးအသုတ်အနေဖြင့် ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ကွန်ပျူတာတက္ကသိုလ်မှာ Facility Quarantine  (၁) ခု၊ ပညာရေးကောလိပ်မှာ ၁ခု၊ အခြေခံကျန်းမာရေး တက္ကသိုလ်မှာ (၂) ခုထားရှိပြီး အားလုံးပေါင်း နေရပ်ပြန် (၂၉၅)ဦးရှိပါတယ်။ ဒီနေ့ (၁၄) ရက်ပြည့်သွားပြီ ဖြစ်တဲ့ ကွန်ပျူတာတက္ကသိုလ်က (၇၀)ဦးကို ပထမဦးဆုံးအသုတ်အနေနဲ့ ပြန်လည်ပို့ဆောင်ပေးသွားမှာ ဖြစ်ပြီး ပညာရေးကောလိပ်က (၁၄) ရက်ပြည့်ပြီဖြစ်တဲ့ (၂၀)ဦးကိုလည်း ဆက်လက်ပြီး ပြန်ပို့ဆောင်ပေးသွားမှာပါ”ဟု မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Facility Quarantine  များတွင် စောင့်ကြည့်ကာလ(၁၄)ရက်ပြည့်သူများအား သက်ဆိုင်ရာမြို့နယ်များမှ လာရောက်ခေါ်ဆောင်၍ ရွာအရောက်လိုက်လံပို့ဆောင်မည်ဖြစ်ကြောင်းသိရပြီး ကျန်းမာရေးဌာနမှ  ထုတ်ပေးထားသည့် လက်မှတ်များဖြင့် သက်ဆိုင်ရာ မြို့နယ်များသို့ သတင်းပို့၍ မြို့နယ်များမှ မှတ်တမ်းရယူထားမည်ဖြစ်ကြောင်း သိရသည်။

မကွေးခရိုင်အတွင်းရှိ မြို့နယ် ကျေးရွာအသီးသီး၌ နိုင်ငံအသီးသီးမှ နေရပ်ပြန်လာသူများ COVID 19 ကူးစက်ခံထားရပါက ရောဂါပျံ့နှံ့မှုမဖြစ်စေရန်အတွက် Facility Quarantine  (၁၄)ရက်ထားရှိ  ပြုလုပ်ထားသူပေါင်း (၂၆၀၇) ဦးရှိပြီး (၁၄)ရက်ပြည့်သူများကို နေရပ်ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~