ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားထံက Covid-19 ပိုးတွေ့ရှိ၍ အခြေခံပညာကျောင်းပေါင်း (၁၂၇)ကျောင်းကို ပြန်လည် ပိတ်ထားလိုက်ပြီး ဆက်လက်၍ ပိတ်သွားရန် ရှိနေ

ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားထံက Covid-19 ပိုးတွေ့ရှိ၍ အခြေခံပညာကျောင်းပေါင်း (၁၂၇)ကျောင်းကို ပြန်လည် ပိတ်ထားလိုက်ပြီး ဆက်လက်၍ ပိတ်သွားရန် ရှိနေ
ဇူလိုင် 16, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားထံက Covid-19 ပိုးတွေ့ရှိ၍ အခြေခံပညာကျောင်းပေါင်း (၁၂၇)ကျောင်းကို ပြန်လည် ပိတ်ထားလိုက်ပြီး ဆက်လက်၍ ပိတ်သွားရန် ရှိနေ

ထိုင်းနိုင်ငံတွင်း Quarantine မထားဘဲ လည်ပတ်ခဲ့သည့် နိုင်ငံခြားသားအုပ်စု နှစ်စုတွင် COVID 19 ကူးစက်ခံထားရသည်ကို  တွေ့ရပြီးနောက် ထိုင်းနိုင်ငံအတွင်း လယောင်ဒေသကြီး အခြေခံပညာကျောင်း  (၁၂၇)ကျောင်းကို ပိတ်ထားလိုက်ပြီး ဆက်လက်၍လည်း နိုင်ငံအတွင်းမှ အခြေခံပညာကျောင်းများကို  ပြန်လည်ပိတ်တော့မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ လာရောက်သည့် အီဂျစ်တပ်မတော်ကိုယ်စားလှယ်အဖွဲ့မှာ လယောင်ဒေသသို့ အလည်အပတ်သွားခဲ့ပြီးနောက် ယင်းတို့အနက်မှ စစ်သားတစ်ဦးနှင့် ဘန်ကောက်တွင် ရောက်ရှိနေသည့် ဆူဒန်သံတမန်မိသားစုမှ ကလေးငယ်တို့တွင် COVID 19 ပိုးတွေ့ရပြီးနောက် နိုင်ငံခြားသားအချို့အား Quarantine ထားရှိရန် ပျက်ကွက်ခဲ့မှုအပေါ် ထိုင်းဝန်ကြီးချုပ်က ပြည်သူကို တောင်းပန်ထားခြင်းဖြစ်သည်။

အီဂျစ်တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ဒေသတွင်း လည်ပတ်စဉ် ဧရိယာတစ်ခုထဲတွင် ရှိနေခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဘန်ကောက်တွင် ဆူဒန်သံတမန်မိသားစုနှင့် အဆောက်အဦးတစ်ခုထဲတွင် နေထိုင်သည့် ကျောင်းသားကျောင်းသူများကို COVID-19 စစ်ဆေးရန် လုပ်ဆောင်ထားကြောင်း သိရသည်။

ယင်းအပြင် ကျောင်းသားမိဘအချို့မှာလည်း COVID-19 အတည်ပြုလူနာများနှင့် အနီးကပ်ရှိခဲ့သည်ဟု ယူဆသဖြင့် ကျောင်းများကို ပိုးသတ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် လယောင်မြို့ဒေသရှိ အခြေခံပညာကျောင်းပေါင်း (၁၂၇)ကျောင်းကို ရောဂါကာကွယ်ရေးအတွက် ပိတ်ထားပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အခြေခံပညာကျောင်းများကို ဇူလိုင်လဆန်းမှစ၍ ပြန်လည်ဖွင့်လှစ်နေခြင်းဖြစ်သည်။

Tachileik News Agency
source: Bangkok Post


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~