ကျောက်မဲမြို့တွင် ကုသဆောင်မှ COVID-19 အတည်ပြုလူနာ (၄)ဦး အပါအဝင် တစ်နေ့တာအတွင်း သေဆုံးသူ စုစုပေါင်း(၁၁)ဦးရှိ

ကျောက်မဲမြို့တွင် ကုသဆောင်မှ COVID-19 အတည်ပြုလူနာ (၄)ဦး အပါအဝင် တစ်နေ့တာအတွင်း သေဆုံးသူ စုစုပေါင်း(၁၁)ဦးရှိ
သြဂုတ် 6, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ( ၅ )ရက်နေ့ တစ်နေ့အတွင်း ကုသဆောင်များ၌ ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ (၄) ဦး အပါအဝင် စုစုပေါင်း (၁၁) ဦးသေဆုံးကြောင်း သိရသည်။

ယမန်နေ့က သေဆုံးသည့် လူနာများထဲက အတည်ပြုလူနာ (၄) ဦးမှာ ကျောက်မဲမြို့ရှိ အမှတ် ( ၁ ) ရပ်ကွက် အုတ်ကျင်းရပ်၊ အမှတ်( ၇ )၊ အမှတ်( ၈ ) ကွက်နှင့် အမှတ် ( ၉ )ကွက်တို့မှ ဆေးရုံတက်နေသူများ ဖြစ်ကြပြီး ကျန် (၇) ဦးမှာ COVID 19 စစ်ဆေးထားခြင်း မရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း COVID 19 တတိယလှိုင်းတွင် အတည်ပြုလူနာအဖြစ် ကုသဆောင်များတွင် ကုသမှုခံယူစဉ် သေဆုံးရသူများအပြင် သံသယလက္ခဏာများဖြင့် နေအိမ်တွင် သေဆုံးသူများလည်း ရှိနေပြီး ဩဂုတ်လ (၅) ရက်နေ့အထိ ဆေးရုံတွင်ကုသမှုခံယူရင်း သေဆုံးရသည့် အတည်ပြုလူနာ (၂၆) ဦးရှိနေပြီဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း COVID 19 တတိယလှိုင်းစတင်သည့် ဇွန်လ ( ၂ )ရက်နေ့မှ ဩဂုတ်လ ( ၄ )ရက်နေ့ထိ အတည်ပြုလူနာ စုစုပေါင်း ( ၅၂၇ )ဦး ရှိသွားပြီဖြစ်ပြီး ဆေးကုသနေစဉ် သေဆုံးသွားသူ စုစုပေါင်း ( ၂၆ )ဦးနှင့် ဆေးရုံဆင်းသွားသူ ( ၂၈၀ ) ဝန်းကျင်ရှိနေပြီဟု သိရသည်။