တာချီလိတ်မြို့မှ လာရောက်သူများကို ကျိုင်းတုံမြို့အဝင် နောင်နွမ်းဂိတ်တွင် Covid-19 နှင့် ပတ်သက်၍ ခရီးသွားရာဇဝင်များ ပြန်လည်ရယူမှု စတင်

တာချီလိတ်မြို့မှ လာရောက်သူများကို ကျိုင်းတုံမြို့အဝင် နောင်နွမ်းဂိတ်တွင် Covid-19 နှင့် ပတ်သက်၍ ခရီးသွားရာဇဝင်များ ပြန်လည်ရယူမှု စတင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ လာရောက်သူများကို မြို့ဝင်စစ်ဆေးရေးဂိတ်ဖြစ်သည့် နောင်နွမ်းဂိတ်တွင် Covid-19 နှင့် ပတ်သက်၍ ခရီးသွားရာဇဝင်ယူရခြင်းများအဖြစ် ယနေ့ မေလ(၂၉)ရက်နေ့တွင် ပြန်လည်စတင်နေသည်။

လတ်တလောတွင် ကျိုင်းတုံမြို့၌ Covid-19 အတည်ပြုလူနာမရှိသေးသော်လည်း တာချီလိတ်မြို့တွင် အတည်ပြုလူနာ (၉)ဦးရှိနေသည့်အတွက် Covid-19 အတည်ပြုလူနာ ထွက်ပေါ်လာပါက ထိတွေ့သူများကို အလွယ်တကူချိတ်ဆက် ရှာဖွေနိုင်ရန် တာချီလိတ်ဘက်က လာရောက်သူများကို Covid-19 ကာကွယ်ဆေးထိုးထားပြီးခြင်း ရှိမရှိ နှင့် ခရီးသွားရာဇဝင်များကို ရယူနေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေအရ ခရီးသွားရာဇဝင် စာရင်းရယူထားခြင်းသာဖြစ်ပြီး Quarantine သတ်မှတ်ထားခြင်းမရှိသေးကြောင်း သိရသည်။

ကျိုင်းတုံမြို့အဝင်တွင် Covid-19 အတွက် ပြန်လည်၍ စတင်စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း တာချီလိတ်မြို့အဝင် မယ်ယန်းတွင် ယခင်လို ပြန်လည် စစ်ဆေးမည်ဟု ကြားသိနေရသော်လည်း သက်ဆိုင်ရာများက မီဒီယာများသို့ အသိပေးထားခြင်းမရှိ၍ လတ်တလောတွင် အတည်မပြုနိုင်သေးပါ။