တာချီလိတ်မြို့မှ COVID 19 အတည်ပြုလူနာ (၃)ဦး ဆေးရုံဆင်း

C:\Users\kozau\Pictures\New folder (10)\New folder
C:\Users\kozau\Pictures\New folder (10)\New folder
တာချီလိတ်မြို့မှ COVID 19 အတည်ပြုလူနာ (၃)ဦး ဆေးရုံဆင်း
ဒီဇင်ဘာ 25, 2020 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ COVID 19 ကုသဆောင်မှ အတည်ပြုလူနာ (၃) ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ကုသဆောင်၌ အတည်ပြုလူနာ (၅) ဦး ကျန်သည်။

ဆေးရုံဆင်းခွင့်ရသည့် အတည်ပြုလူနာ အမျိုးသား (၃)ဦးသည် နေအိမ်အသီးသီး၌ နောက်ထပ် (၇) ရက် အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်း ကူးစက်မှုအဖြစ် တွေ့ခဲ့ရပြီးနောက် ဒီဇင်ဘာလ (၂၅) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၁၀၈) ဦး တွေ့ထားသည့်အနက် (၁၀၆) ဦးမှာ နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၂၅) ရက်နေ့ကြားကာလတွင် စစ်ဆေးတွေ့ရှိထားသူများဖြစ်သည်။

COVID 19 အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိပါက ကုသဆောင်များတွင် (၁၁) ရက်တိတိ စောင့်ကြည့်ထားရှိပြီးနောက် ကုသရန်မလိုအပ်ပါက ဆေးရုံဆင်းခွင့်ပေးပြီး နေအိမ်တွင် ဆက်လက်၍ (၇)ရက် အသွားအလာ ကန့်သတ်နေထိုင်စေခြင်းဖြစ်သည်။

Tachileik News Agency

ဓါတ်ပုံ - ကျော်ဇင်ဟိန်း