ကျောက်မဲမြို့တွင် တရုတ်နိုင်ငံက ပြန်လည်ပြီး နေမကောင်းဖြစ်နေသူကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်

ကျောက်မဲမြို့တွင် တရုတ်နိုင်ငံက ပြန်လည်ပြီး နေမကောင်းဖြစ်နေသူကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်
ဧပြီ 21, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် တရုတ်နိုင်ငံက ပြန်လည်ပြီး နေမကောင်းဖြစ်နေသူကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် တရုတ်နိုင်ငံမှပြန်လာပြီး နေမကောင်းဖြစ်နေသည့် အမျိုးသား (၁)ဦးကို ခရိုင်ပြည်သူ့ဆေးရုံတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့တွင် စောင့်ကြည့်လူနာသတ်မှတ်ထားရှိကာ အတူနေမိသားစုဝင် (၂)ဦးကိုလည်း Facility Quarantine ထားရှိကြောင်း သည်။

အဆိုပါ အမျိုးသားသည် တရုတ်နိုင်ငံ တုံကွမ်မြို့မှ ဧပြီလ (၁၇) ရက်နေ့တွင် ပြန်လာခဲ့ပြီး မူဆယ်မြို့၌ (၂)ညအိပ်၊ လားရှိုးမြို့တွင် (၁) ညအိပ်နေထိုင်ကာ ဧပြီလ (၂၁) ရက် မနက်တွင် ကျောက်မဲရှိမိသားစု ထံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"သူက ချောင်းဆိုးတယ်။ ချွဲသလိပ် ထတယ်။ ရင်ဘတ်အောင့်တာ ခေါင်းကိုက်တာတွေဖြစ်လို့ မိသားစုက လာပို့တာ။ သံသယ စောင့်ကြည့်အဖြစ်ထားရှိပြီး ဓါတ်ခွဲနမူနာယူပြီး စစ်မှာ။ လားရှိုးကနေ ပြန်လာတဲ့အချိန် သူ့ကို ဆိုင်ကယ်တစ်စီးနဲ့ သွားပြီးကြိုခဲ့တဲ့ ညီမဖြစ်သူနဲ့ မိခင်ဖြစ်သူကိုလည်း Facility Quarantine အဖြစ် ထားဖို့စီစဉ်ထားတယ်" ဟု ကျောက်မဲခရိုင် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှုး ဒေါက်တာ နန်းရီလှိုင်ဦးက ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံတွင် ဧပြီလ ၂၁ ရက် မွန်းလွဲပိုင်းထိ သံသယစောင့်ကြည့်လူနာ (၁)ဦးသာရှိပြီး တစ်မြို့လုံးရှိ Facility Quarantine နေရာ (၃) ခုတွင် ထားရှိသူ စုစုပေါင်း (၂၀၀) ဦးဝန်းကျင်ရှိသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~