တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အႀကိဳအျဖစ္ က်င္းပသည့္ ၿပိဳင္ပြဲ၌ ေက်ာင္းသား၊ ေက်ာင္းသူ (၆၆)ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္

တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အႀကိဳအျဖစ္ က်င္းပသည့္ ၿပိဳင္ပြဲ၌ ေက်ာင္းသား၊ ေက်ာင္းသူ (၆၆)ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္
မေ 19, 2019
By Tachileik News Agency

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးမႈႏွင့္ တရားမ၀င္ ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အႀကိဳ (၂၂)ႀကိမ္ေျမာက္ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ၊ ကြန္ပ်ဴတာပန္းခ်ီၿပိဳင္ပြဲအား ေမလ (၁၉)ရက္ေန႔ နံနက္က တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္ရွိ အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း)တြင္ က်င္းပရာ ၿပိဳင္ပြဲဝင္ (၆၆)ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ေၾကာင္း သိရသည္။

ဇြန္လ (၂၆) ရက္ေန႔တြင္ က်ေရာက္မည့္ အထိမ္းအမွတ္ေန႔အတြက္ တာခ်ီလိတ္ခရိုင္  မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသေဆး၀ါးမ်ား အႏၱရာယ္တားဆီး ကာကြယ္ေရးေကာ္မတီ၏ ဦးစီးႀကီးၾကပ္မႈျဖင့္ အစိုးရေက်ာင္းမ်ားႏွင့္ ကိုယ္ပိုင္ေက်ာင္းမ်ားမွ အထက္တန္း၊ အလယ္တန္းႏွင့္ မူလတန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပါဝင္သည့္ ၿပိဳင္ပြဲအား ေမလ (၁၉)ရက္ေန႔ နံနက္(၉)နာရီမွ ေန႔လယ္(၁၂)နာရီအထိ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲသို႔ တာခ်ီလိတ္ခရိုင္  မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာေဆး၀ါးမ်ား အႏၱရာယ္တားဆီး ကာကြယ္ေရးေကာ္မတီ ဥကၠဌ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ ဒု-ဥကၠဌ ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီး ေပၚထြန္း၊ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ မူးယစ္တပ္ဖြ႔ဲစုမွဴး ယာယီရဲမွဴးမ်ုိးမင္းလႈိင္နွင့္  အဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသေဆး၀ါးမ်ား အႏၱရာယ္တားဆီး ကာကြယ္ေရးေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာနွင့္ အဖြဲ႕ဝင္မ်ား၊ ခရိုင္/ၿမိဳ႕နယ္မူးယစ္ဆန္႔က်င္ေရးအသင္း (MANA)မွ အဖြဲ႕ဝင္မ်ား၊ အထက(ဆန္ဆိုင္း)ေက်ာင္းအုပ္ဆရာႀကီး ဦးဆုေအာင္ ႏွင့္ သက္ဆိုင္ရာ၀န္ရွိသူမ်ား လာေရာက္ ၾကည့္ရႈအားေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲမွ ဆုရရွိသူမ်ားအား ဇြန္လ(၂၆)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမ၌ က်င္းပျပဳလုပ္မည့္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးမႈႏွင့္ တရားမ၀င္ ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အခမ္းအနား၌ ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ယာေဆး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို (၂၂)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲအား မေလ (၁၉)ရက်နေ့ နံနက်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ကျင်းပရာ ပြိုင်ပွဲဝင် (၆၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အထိမ်းအမှတ်နေ့အတွက် တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသေဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးကော်မတီ၏ ဦးစီးကြီးကြပ်မှုဖြင့် အစိုးရကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် ပြိုင်ပွဲအား မေလ (၁၉)ရက်နေ့ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ဒု-ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ မူးယစ်တပ်ဖွဲ့စုမှူး ယာယီရဲမှူးမျိုးမင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသေဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်း (MANA)မှ အဖွဲ့ဝင်များ၊ အထက(ဆန်ဆိုင်း)ကျောင်းအုပ်ဆရာကြီး ဦးဆုအောင် နှင့် သက်ဆိုင်ရာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲမှ ဆုရရှိသူများအား ဇွန်လ(၂၆)ရက်နေ့တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net