မိုင်းဖြတ်မြို့မှ ခရိုင် NLD အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဘော်ဒါဆောင်ဆရာ ဦးဇော်မြင့်ကို စစ်တပ်က ဖမ်းဆီး

မိုင်းဖြတ်မြို့မှ ခရိုင် NLD အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဘော်ဒါဆောင်ဆရာ ဦးဇော်မြင့်ကို စစ်တပ်က ဖမ်းဆီး
မေ 26, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တာချီလိတ်ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦး ယနေ့ မေလ(၂၆)ရက်နေ့တွင် ဖမ်းခံရကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တာချီလိတ်ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သလို ဘော်ဒါဆောင်ဖွင့်လှစ်ထားသူလည်းဖြစ်သည့် ဦးဇော်မြင့်အား ၎င်းနေထိုင်သည့် မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံအနောက်ဘက်ရှိ ကံ့ကော်စံဘော်ဒါ တွင် ယနေ့ ၂၀၂၁ခုနှစ် မေလ(၂၆)ရက်နေ့ နေ့လည်ပိုင်းက အာဏာသိမ်းစစ်တပ်ဘက်မှ စစ်ဘက်ရေးရာလုံခြုံ​ရေးတပ်(စရတ/စရဖ)အပါအဝင် ရဲများက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။

ယခုလို လာရောက်ဖမ်းဆီးခြင်းမပြုလုပ်မီ ရက်ပိုင်းကလည်း ၎င်းအား စရတ တို့က (၂)ရက်ခေါ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ပြန်လွှတ်ပေးလိုက်ပြီးနောက် ယနေ့တွင် ပြန်လည်ဖမ်းဆီး ခံရခြင်း ဖြစ်သည်ဟု မိုင်းဖြတ်မြို့ခံများထံက သိရသည်။

ဦးဇော်မြင့်သည် မိုင်းဖြတ်မြို့တွင် ကံ့ကော်စံဘော်ဒါဖွင့်လှစ်၍ စာသင်စာပြလုပ်နေသူဖြစ်ပြီး ၎င်း၏ ဘော်ဒါဆောင်သည် အောင်ချက်အကောင်းဆုံးဖြစ်ကြောင်းသိရသည်။

 

မည်သည့်ကိစ္စကြောင့် ဖမ်းဆီးသွားသည်ကိုတော့ မသိရသေးပါ။