တာချီလိတ်တွင် အတည်ပြုလူနာ (၃၄)ဦးအထိ တိုးလာ၍ COVID 19 ကုသဆောင်သစ်၌ စတင်ကုသပေးနေ

တာချီလိတ်တွင် အတည်ပြုလူနာ (၃၄)ဦးအထိ တိုးလာ၍ COVID 19 ကုသဆောင်သစ်၌ စတင်ကုသပေးနေ
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် အတည်ပြုလူနာ (၃၄)ဦးအထိ တိုးလာ၍ COVID 19 ကုသဆောင်သစ်၌ စတင်ကုသပေးနေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကုသရေးအဆောင်အဖြစ် တိုးချဲ့လိုက်သည့် မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှစ၍ အတည်ပြုလူနာများကို စတင်ကုသပေးနေပြီဖြစ်သည်။
"ဒီနေ့ကစပြီး ဖွင့်လိုက်ပြီ။ ဆေးရုံအသစ်မှာက လူနာက (၈) ဦးပဲဆံ့တယ်။ အခုက နေရာ (၃)နေရာ ကွဲသလိုဖြစ်နေတော့ တာဝန်ကျအဖွဲ့ကို နေရာ (၃)နေရာခွဲပြီးတော့ တာဝန်ချရတာဆိုတော့ ဒီဆေးရုံသစ်မှာရှိတာကို ရွှေ့လိုက်တော့ နေရာ (၂)နေရာပဲ ဖြစ်တော့တယ်။ ဆေးရုံအသစ်မှာ အတည်ပြုလူနာ ward မှာ တာဝန်ကျခဲ့တဲ့ဝန်ထမ်းတွေကို quarantine ထားမယ်"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆေးရုံအသစ်နှင့် ဆေးရုံဟောင်းရှိ COVID 19 ကုသဆောင် (၂) ခုတွင် လူနာ (၃၀) ဝန်းကျင် ထားရှိနိုင်သော်လည်း နိုဝင်ဘာလ (၃၀) ရက်နေ့တွင် အတည်ပြုလူနာ (၁၂)ဦးထပ်တိုးလာ၍ စုစုပေါင်း အတည်ပြုလူနာ (၃၄)ဦးရှိလာသဖြင့် မိုးကုတ်ရိပ်သာ၌ တိုးချဲ့ဖွင့်လှစ်လိုက်သည့် ကုသဆောင်သစ်တွင် လူနာစတင်ထားရှိ ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။
နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် နေရပ်ပြန်များအား quarantine ထားရန် အခက်အခဲရှိနေစဉ် မိုးကုတ်ဝိပဿနာတရားရိပ်သာအား quarantine center အဖြစ် အသုံးပြုခွင့်ပေးထားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ (၂၅)ရက်နေ့မှစ၍ တာချီလိတ်၌ COVID 19 ဒေသတွင်း ကူးစက်မှုအဖြစ် စတင်တွေ့လာရကာ လူနာအရေအတွက် တိုးလာသဖြင့် ကုသဆောင်တိုးချဲ့ရန် လိုအပ်လာချိန်တွင် COVID 19 ကုသဆောင်အဖြစ် အသုံးပြုခွင့်ပေးထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~