မဲဆန္ဒရှင်စာရင်းတွေ မမှားဖို့ တစ်အိမ်တက်ဆင်း စနစ်နဲ့ အဖွဲ့ခွဲ လုပ်ဆောင်

မဲဆန္ဒရှင်စာရင်းတွေ မမှားဖို့ တစ်အိမ်တက်ဆင်း စနစ်နဲ့ အဖွဲ့ခွဲ လုပ်ဆောင်
သြဂုတ် 19, 2020
By Tachileik News Agency
မဲဆန္ဒရှင်စာရင်းတွေ မမှားဖို့ တစ်အိမ်တက်ဆင်း စနစ်နဲ့ အဖွဲ့ခွဲ လုပ်ဆောင်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းက မဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက် ကျေးရွာတွေအလိုက် အဖွဲ့စုံနဲ့ တစ်အိမ်တက်ဆင်း လိုက်လံတိုက်ဆိုင်စစ်ဆေးမှုတွေကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့မနက်ပိုင်းက စတင်ပြီး လုပ်ဆောင်နေပါတယ်။
အိမ်ခန်းငှားရမ်းနေထိုင်သူတွေကို အဓိကထားစာရင်းကောက်ယူနေပြီး စာရင်းကောက်ယူလို့မရသေးတဲ့ အခန်းတွေကို အိမ်ခန်းငှားပိုင်ရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အခုလို တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူပေးတဲ့အပေါ် တာချီလိတ်နေပြည်သူအချို့က အခုလို ပြောပြပါတယ်။
ပထမအကြိမ် မဲဆန္ဒရှင်စာရင်းထွက်ပေါ်လာချိန်မှာ စာရင်းအမှားတွေများနေလို့ ဝေဖန်မှုတွေမြင့်တက်လာခဲ့ပြီးနောက်ပိုင်း  ထုတ်ပြန်မယ့် ဒုတိယအကြိမ်မဲစာရင်းကို မှန်ကန်စေဖို့အတွက် ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ရပ်/ကျေးစာရေးတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မဲဆန္ဒရှင်စာရင်းတွေကို လိုက်လံစစ်ဆေးမှုတွေ လုပ်ဆောင်နေတာချိန်မှာ ပြည်သူများအနေလည်း စရင်းကောက်ယူချိန်မှာ လိုလိုလားလားနဲ့ ပါဝင်ကူညီပေးဖို့လည်း မေတ္တာရပ်ခံထားကြပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~