မိုင်းဖြတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဝင်္ကဘာဘုရားမီးထွန်းပွဲ အောက်တိုဘာလ(၈)ရက်နေ့ ညနေ စတင်မည်

မိုင်းဖြတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဝင်္ကဘာဘုရားမီးထွန်းပွဲ အောက်တိုဘာလ(၈)ရက်နေ့ ညနေ စတင်မည်
အောက်တိုဘာ 7, 2019
By Tachileik News Agency


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဝင်္ကဘာဘုရားမီးထွန်းပွဲအား ၂၀၁၉ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့က စတင်ကာ (၆)ညတိုင်တိုင် ကျင်းပပြုလုပ်သွားရန်အတွက် ပြင်ဆင်မှုမှာ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်၏ ဖွင့်ပွဲအား ၂၀၁၉ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့ ညနေ(၅)နာရီတွင် ဖွင့်လှစ်မည်ဖြစ်သည်။

မိုင်းဖြတ်မြို့၊ ဈေးတန်း(ကွက်သစ်)ရပ်ကွက်အတွင်းရှိ စိတ္တသုခကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့ ညနေ(၅)နာရီမှစ၍ အောက်တိုဘာလ(၁၃)ရက်နေ့အထိ (၆)ညတိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မိုင်းဖြတ်မြို့ စိတ္တသုခကျောင်းတိုက်၏ (၆)ကြိမ်မြောက် အဆိုပါ ပွဲတော်တွင် ဝင်္ကပါအတွင်း လမ်းအကွေ့ပေါင်းကို ယခင်နှစ်များအတိုင်း (၃၅၀)ကွေ့ဖြင့် ဝင်္ကဘာလမ်းပြုလုပ်ထားပြီး နှစ်ကျိပ်ရှစ်ဆူသော ဘုရားဆင်းတုတော်များအား ဖူးမျှော်နိုင်ရန်နှင့် ဆီမီးပူဇော်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ကိုသာ



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

မိုင္းျဖတ္ၿမိဳ႕တြင္ ႏွစ္က်ိပ္ရွစ္ဆူ၀ကၤဘာဘုရားမီးထြန္းပြဲ ေအာက္တိုဘာလ(၈)ရက္ေန႔ ညေန စတင္မည္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕တြင္ ႏွစ္က်ိပ္ရွစ္ဆူ၀ကၤဘာဘုရားမီးထြန္းပြဲအား ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၈)ရက္ေန႔က စတင္ကာ (၆)ညတိုင္တိုင္ က်င္းပျပဳလုပ္သြားရန္အတြက္ ျပင္ဆင္မႈမွာ ၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္၏ ဖြင့္ပြဲအား ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၈)ရက္ေန႔ ညေန(၅)နာရီတြင္ ဖြင့္လွစ္မည္ျဖစ္သည္။

မိုင္းျဖတ္ၿမိဳ႕၊ ေစ်းတန္း(ကြက္သစ္)ရပ္ကြက္အတြင္းရွိ စိတၱသုခေက်ာင္းတိုက္တြင္ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၈)ရက္ေန႔ ညေန(၅)နာရီမွစ၍  ေအာက္တိုဘာလ(၁၃)ရက္ေန႔အထိ (၆)ညတိုင္တိုင္ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။

မိုင္းျဖတ္ၿမိဳ႕  စိတၱသုခေက်ာင္းတိုက္၏ (၆)ႀကိမ္ေျမာက္ အဆိုပါ ပြဲေတာ္တြင္ ၀ကၤပါအတြင္း လမ္းအေကြ႕ေပါင္းကို ယခင္ႏွစ္မ်ားအတိုင္း (၃၅၀)ေကြ႕ျဖင့္ ဝကၤဘာလမ္းျပဳလုပ္ထားၿပီး ႏွစ္က်ိပ္႐ွစ္ဆူေသာ ဘုရားဆင္းတုေတာ္မ်ားအား ဖူးေမွ်ာ္ႏိုင္ရန္ႏွင့္ ဆီမီးပူေဇာ္ႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရွိရသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net