လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ ကာစီနိုတွင် COVID 19 အတည်ပြုလူနာ စုစုပေါင်း (၄၃၀)အထိတိုးလာရာ မြန်မာနိုင်ငံသားက တတိယအများဆုံး ဖြစ်နေ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ ကာစီနိုတွင် COVID 19 အတည်ပြုလူနာ စုစုပေါင်း (၄၃၀)အထိတိုးလာရာ မြန်မာနိုင်ငံသားက တတိယအများဆုံး ဖြစ်နေ

လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်၊ တုံဖိန်းမြို့နယ် ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ ကာစီနိုတွင် ၂၀၂၁ ခုနှစ် မေလ (၂၅) ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၁၇) ဦးထပ်တိုးတွေ့ရသဖြင့် ကာစီနိုမှ ပိုးတွေ့လူနာစုစုပေါင်း (၄၃၀) ဦးရှိလာပြီဖြစ်ပြီး ပိုးတွေ့လူနာများတွင် မြန်မာနိုင်ငံသားက တတိယအများဆုံးဖြစ်ကြောင်း သိရသည်။



လာအိုကာစီနိုတွင် မေလ (၂၅) ရက်နေ့အထိ  COVID 19 ပိုးတွေ့လူနာများအနက် လာအိုနိုင်ငံသား (၂၃၂) ဦး၊ တရုတ်နိုင်ငံသား (၁၁၅) ဦး၊ မြန်မာနိုင်ငံသား (၆၈) ဦး၊ ထိုင်းနိုင်ငံသား (၁၃) ဦးနှင့် ဗီယက်နမ်နိုင်ငံသား (၂) ဦးပါဝင်ကြောင်း သိရသည်။



ကာစီနိုမှ စုစုပေါင်း အတည်ပြုလူနာ (၄၃၀) ဦးအနက် ဆေးရုံဆင်းခွင့်ရသူ (၁၇၀)ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။



လာအိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မေလ (၂၅) ရက်နေ့တွင် အတည်ပြုလူနာ (၅၆) ဦးထပ်တိုးလာခြင်းဖြစ်ပြီး စုစုပေါင်းအတည်ပြုလူနာ (၁,၈၇၈) ဦးရှိနေပြီဖြစ်သည်။



လာအိုနိုင်ငံတွင် ပထမလှိုင်းအတွင်းက အတည်ပြုလူနာတွေ့ရှိနှုန်းနည်းပြီး သေဆုံးသူမရှိခဲ့သော်လည်း ယခုဒုတိယလှိုင်းတွင် အတည်ပြုလူနာတွေ့ရှိနှုန်းတိုးလာပြီး သေဆုံးသူ (၂) ဦးရှိပြီဖြစ်သည်။

ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း Covid-19 ကာကွယ်ရေးနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာကြရန် မလိုက်နာပါ သတ်မှတ်ပြစ်ဒဏ်များဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။