မြန်မာနိုင်ငံ၏ COVID-19 အတည်ပြုလူနာ (၃၉)ဦးမြောက်ဖြစ်သူ သေဆုံးသွား၍ COVID-19 ကြောင့် သေဆုံးသူ (၄)ဦးရှိလာ

မြန်မာနိုင်ငံ၏ COVID-19 အတည်ပြုလူနာ (၃၉)ဦးမြောက်ဖြစ်သူ သေဆုံးသွား၍ COVID-19 ကြောင့် သေဆုံးသူ (၄)ဦးရှိလာ
ဧပြီ 12, 2020
By 🌸
မြန်မာနိုင်ငံ၏ COVID-19 အတည်ပြုလူနာ(၃၉)ဦးမြောက်ဖြစ်သူ သေဆုံးသွား၍ COVID-19 ကြောင့် သေဆုံးသူ (၄)ဦးရှိလာ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေသည့် အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦး COVID 19 အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေရရှိသဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ ညနေ (၆) နာရီခွဲအချိန်ထိ အတည်ပြုလူနာစုစုပေါင်း (၃၉)ဦးရှိလာပြီဖြစ်သော်လည်း ဧပြီလ(၁၂)ရက်နေ့ နံနက်(၆)နာရီကတည်းက သေဆုံးသွားကြောင်း သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဓါတ်ခွဲနမူနာ (၉၃)ခု စစ်ဆေးရာတွင် အတည်ပြုလူနာ (၁)ဦးတွေ့ရပြီး ကျန်လူနာ (၉၂)ဦးတွင် COVID 19 ပိုးမတွေ့ရကြာင်း ဧပြီလ (၁၂)ရက်နေ့ ညနေ (၆)နာရီခွဲတွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့မှ ဧပြီလ (၁၂)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်ထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၉) ဦး တွေ့ရှိထားပြီး အတည်ပြုလူနာများအနက် (၂)ဦးမှာ ဆေးရုံဆင်း၍ (၁၄)ရက်စောင့်ကြည့်မှုအောက်တွင်နေထိုင်နေကာ (၃၃)ဦးမှာ ကုသမှုခံယူနေပြီး သေဆုံးသူ (၄)ဦးရှိနေခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ အတည်ပြုလူနာ (၃၉)ဦးတွင် အတည်ပြုလူနာအား ကုသပေးသည့် ဆရာဝန် (၁)ဦး ပါဝင်ပြီး ဝေဘာဂီအထူးကုဆေးရုံတွင် ကုသမှုခံယူနေခြင်းဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုခြင်းကို လုပ်ဆောင်နေရာ ထိတွေ့ခဲ့သူများရှိပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန် သတိပေးတိုက်တွန်းထားသည်။

ယနေ့ထပ်တိုးသည့် အတည်ပြုလူနာအမျိုးသားသည် ဧပြီလ (၉)ရက်နေ့မှစ၍ ဖျားခြင်း၊ချောင်းဆိုးခြင်းများဖြစ်၍ ဧပြီလ (၁၁)ရက်နေ့၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ပြသရာ စောင့်ကြည့်လူနာအဖြစ် ဓါတ်ခွဲစစ်ဆေးထားစဉ် ဧပြီလ (၁၂)ရက်နေ့ နံနက် (၆) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါလူနာမှာ ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိပြီး COVID 19 ပိုးလည်း တွေ့ရကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~