ကယားပြည်နယ် လွိုင်ကော်မြို့တွင် တစ်ရက်အတွင်း အတည်ပြုလူနာ COVID-19 အတည်ပြုလူနာ (၆)ဦးတွေ့ရသည့်အနက် (၂)နှစ်ခွဲအရွယ် ကလေးငယ် (၁)ဦး ပါဝင်

ကယားပြည်နယ် လွိုင်ကော်မြို့တွင် တစ်ရက်အတွင်း အတည်ပြုလူနာ COVID-19 အတည်ပြုလူနာ (၆)ဦးတွေ့ရသည့်အနက် (၂)နှစ်ခွဲအရွယ် ကလေးငယ် (၁)ဦး ပါဝင်
ဒီဇင်ဘာ 10, 2020
By Tachileik News Agency

 

ကယားပြည်နယ် လွိုင်ကော်မြို့တွင် တစ်ရက်အတွင်း အတည်ပြုလူနာ COVID-19 အတည်ပြုလူနာ (၆)ဦးတွေ့ရသည့်အနက် (၂)နှစ်ခွဲအရွယ် ကလေးငယ် (၁)ဦး ပါဝင်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၆) ဦးတွေ့ရှိသည့်အနက် အသက် (၇၀)ကျော်အရွယ် (၂)ဦးနှင့် (၂)နှစ်ခွဲအရွယ် ကလေးငယ် (၁)ဦးတို့လည်း ပါဝင်သည်။
"ပညာရေးကောလိပ်မှာတွေ့တဲ့ထဲမှာ ကလေးတစ်ယောက် ပါပါတယ်။ သူတို့ (၄) ယောက်က မိသားစုလိုက်ပါ။ ဒီနေ့တွေ့တဲ့ (၆) ယောက်လုံးက ကျန်းမာရေးကောင်းပါတယ်။ လွိုင်ကော်ဆေးရုံကြီးမှာပဲ ပို့ထားပါတယ်။ "ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
လွိုင်ကော်မြို့၌ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် RDT ဖြင့် စစ်ဆေးမှုအတွင်း ယာယီကုန်တင်ယာဉ်ရပ်နားစခန်းမှ ယာဉ်မောင်း (၁) ဦး ၊ လွိုင်ကော်တက္ကသိုလ်၌ အသွားအလာ ကန့်သတ်ထားသူ အမျိုးသား (၁) ဦးနှင့် ပညာရေးကောလိပ်တွင် အသွားအလာကန့်သတ်ထားသူ (၄) ဦးတို့တွင် Covid-19 ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယနေ့ပိုးတွေ့အတည်ပြုလူနာ (၆) ဦးထဲတွင် လွိုင်ကော်မြို့နယ်၊ ပညာရေးကောလိပ်၌ အသွားလာကန့်သတ်ထားသော အသက် (၇၃) နှစ်အရွယ် အမျိုးသား (၁) ဦး၊  အသက် (၇၂) နှစ်အရွယ် အမျိုးသမီးနှင့် အသက် (၄၂) နှစ်အရွယ်အမျိုးသမီး (၂)ဦးအပြင်  အသက်(၂)နှစ်ခွဲအရွယ်အမျိုးသား ကလေး (၁)ဦးတို့ဖြစ်ပြီး ၎င်းတို့မှာ မိသားစုလိုက် ဒီဇင်ဘာလ (၆) ရက်နေ့တွင် ရန်ကုန်မှပြန်လာ၍ အသွားလာကန့်သက်ခံထားရသူများဖြစ်ကြောင်း သိရသည်။ 
ကျန်ပိုးတွေ့လူနာ (၂)ဦးမှာ လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းရှိ အသက် (၂၉)နှစ်အရွယ် ယာဉ်မောင်း (၁) ဦးနှင့် မန္တလေးမှ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့တွင် လွိုင်ကော်သို့ရောက်ရှိလာပြီး လွိုင်ကော်တက္ကသိုလ်တွင် အသွားလာကန့်သတ်ခံထားရသူ အသက် (၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
Covid-19 ပိုးတွေ့အတည်ပြုလူနာ (၅)ဦးလုံး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးသန့်ကုသဆောင်တွင်ထားရှိကာ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိကြောင်း သိရသည်။ 
ကယားပြည်နယ်တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ COVID -19 ပိုးတွေ့  အတည်ပြုလူနာ (၅၃) ဦးရှိပြီဖြစ်ပြီး ရောဂါကင်းစင်၍ ဆေးရုံဆင်းခွင့်သူ (၂၂)ဦး သက်ဆိုင်မြို့နယ်ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ (၃၁) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ရွှေလွိုင်ကော်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~