လွိုင်ကော်မြို့ ၊ တောင်ကွဲစေတီ အောက်မီးရထားသံလမ်းအနီးတွင် အမျိုးသားတစ်ဦး သေဆုံးနေ

လွိုင်ကော်မြို့ ၊ တောင်ကွဲစေတီ အောက်မီးရထားသံလမ်းအနီးတွင် အမျိုးသားတစ်ဦး သေဆုံးနေ

ကယားပြည်၊ လွိုင်ကော်မြို့ တောင်ကွဲစေတီ နှင့် မြသီတာဘုန်းကြီးကျောင်း အကြား မီးရထားသံလမ်းဘေးတွင် အမည်မသိ သေဆုံးနေသော အမျိုးသား ရုပ်အလောင်း တစ်လောင်းအား မေလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ရကြောင်းသိရသည်။ 

ရုပ်အလေင်းအား မေလ (၁၉)ရက်နေ့ နံနက် (၈)နာရီကျော် အချိန်ခန့်တွင် အနီးအနားရှိ ဒေသခံများမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအမျိုးသား၏ အမည် နှင့် နေရပ်လိပ်စာများကို လတ်တလောတွင် သိရှိရခြင်း မရှိသေးကြောင်းနှင့် ခန္တာကိုယ်တွင် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ ခန္တာကိုယ်အပေါ်ပိုင်း အဝတ်ဗလာဖြင့် ရထားသံလမ်းဘေးတွင် သေဆုံးနေခြင်းဖြစ်ကြောင်းသိရသည်။ 

"သူ့ပုံစံကြည့်ရတာ​တေ့ာ အသက် (၄၀)ကျော်လောက်ဖြစ်မယ်။ ခန္တာကိုယ်ကတော့ နည်းနည်း နွေးနေသေးတယ်ပြောတယ်။ ပုံစံကတော့ အရက်သမားဖြစ်ဖို့များတယ်။ ဒီအနီးနားမှာ​တေ့ာ မတွေ့ဖူးဘူး"ဟု အဆိုပါ နေရာ အနီးနေထိုင်သူ တစ်ဦးကပြောသည်။ 

အဆိုပါ သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်းမှ ကူညီ၍ နာရေးယာဥ်ဖြင့်  လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။



Photo: ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်း