ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ တပ်ဆွဲထားခဲ့သော စံပြ(၆)မိုင်ကျေးရွာရှိ နေအိမ်တစ်ခုတွင် ခေါင်းဖြတ် သတ်ခံထားရသော အလောင်းများတွေ့ရှိ

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ တပ်ဆွဲထားခဲ့သော စံပြ(၆)မိုင်ကျေးရွာရှိ နေအိမ်တစ်ခုတွင် ခေါင်းဖြတ် သတ်ခံထားရသော အလောင်းများတွေ့ရှိ
ဇူလိုင် 12, 2021 | ကယား

 ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ (၆)ကျေးရွာ ရှိ စစ်ကောင်စီတပ်များမှ (၂)လအကြာ တပ်စွဲနေထိုင်သွားခဲ့သော နေအိမ်၏ ဘေးချင်းကပ် နေအိမ်တစ်ခုရှိကျင်း တစ်ခုထဲတွင် ခေါင်းဖြတ် သတ်ခံထားရသော အလောင်းများ တွေ့ရှိခဲ့ရကြောင်း သိရသည်။ 

ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာရှိ နေအိမ် အမှတ် (၃-၂၇ )တွင် စစ်ကောင်စီမှတပ်စွဲထားပြီး  ၄င်းနှင့် ဘေးချင်းကပ် အိမ်တွင် အပုပ်နံ့များထွက်ရှိနေသောကြောင့် ဇူလိုင်လ ၁၀ ရက်နေ့က ပြည်နယ်တွင်းရှိ တိုင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့မှာ ဝင်ရောက် စစ်ဆေးကြည့်ရာ ခေါင်းဖြတ်သတ်ခံထားရသော အလောင်းများ အားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ့သည့်  ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက် ရေးတပ်(ကလလတ)၊ ကယန်းပြည်သစ်ပါတီ နှင့် ကယောငြိမ်းချမ်းရေးတပ်ဖွဲ့များမှ ဝင်ရောက်စစ်ဆေးကြည့်ရာ စစ်ကောင်စီတပ်စွဲ နေထိုင်သော နေရာဘေးရှိ  နေအိမ်အနောက်ဖက် အိမ်သာအနီးရှိ  ကျင်း တစ်ခုတွင် ခေါင်းဖြတ် သတ်၍ ပစ်ချထားသော လူသေ အလောင်းများကိုတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ရုပ်အလောင်းများမှာ မိသားစုလိုက် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံထားရသည့် အခြေနေဖြစ်နိုင်ကြောင်း PKPF မှ ၎င်းတို့၏ Facebook စာမျက်နှာတွင် ဖော်ပြထားပြီး အဆိုပါ နေအိမ်အနီးတွင် စစ်ကောင်စီမှ (၂)လအကြာတပ်စွဲထားခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် တပ်ချိန်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 

အဆိုပါ ရုပ်အလောင်းများမာ မည်သူမည်ဝါ ဆိုသည်ကို သိရှိရခြင်း မရှိသေးဘဲ ပြည်သူ့လွတ်မြောက်ရေးတပ်အဖွဲ့အစည်းများမှ မီးသဂြိုလ်ပေးခဲ့ကြပြီး စံပြ(၆)မိုင်ကျေးရွာတွင် စစ်ကောင်စီတပ် အသစ်တစ်ခုမှ ဆက်လက်၍ တပ်စွဲထားဆဲ ဖြစ်ပြီး ဒေသခံအများ စစ်ရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

 

Photo: people's  defense force