တာချီလိတ်တွင် ဆိုင်ကယ်ခိုးသူနှင့် ပြုပြင်ရောင်းချပေးသူ (၆)ဦးကို ဖမ်းဆီးရမိပြီး ဆိုင်ကယ် (၁၂)စီး ပြန်လည် သိမ်းဆည်းရမိထား ဆက်လက်စစ်ဆေးနေ

တာချီလိတ်တွင် ဆိုင်ကယ်ခိုးသူနှင့် ပြုပြင်ရောင်းချပေးသူ (၆)ဦးကို ဖမ်းဆီးရမိပြီး ဆိုင်ကယ် (၁၂)စီး ပြန်လည် သိမ်းဆည်းရမိထား ဆက်လက်စစ်ဆေးနေ
သြဂုတ် 12, 2020
By Tachileik News Agency
တာချီလိတ်တွင် ဆိုင်ကယ်ခိုးသူနှင့် ပြုပြင်ရောင်းချပေးသူ (၆)ဦးကို ဖမ်းဆီးရမိပြီး ဆိုင်ကယ် (၁၂)စီး ပြန်လည် သိမ်းဆည်းရမိထား ဆက်လက်စစ်ဆေးနေ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့ ညပိုင်းက ဆိုင်ကယ်ခိုးယူပြုပြင်ရောင်းချနေသည့်အဖွဲ့အား ဖမ်းမိပြီးနောက် ခိုးယူထားသည့် ဆိုင်ကယ် (၁၂) စီးကို သိမ်းဆည်းရမိထားပြီး ရောင်းချထားသည့်ဆိုင်ကယ်များကိုလည်း ဆက်လက်ဖေါ်ထုတ်နေကြောင်း သိရသည်။

" အင်အား (၁၈)ဦးနဲ့ မနေ့က ကျွန်တော်တို့ ဖမ်းဆီးတဲ့အခါမှာ ဆိုင်ကယ်ခိုးတဲ့သူတွေကိုသက်သေခံပစ္စည်း cutter တွေ၊ ဂွင်းတွေ၊ ဂွတွေ၊ ပလာယာတွေနဲ့ ဖမ်းဆီးရမိတော့ တစ်ညလုံး စစ်ဆေးဖေါ်ထုတ်ချက်အရ ဒီမနက်မှာ ဆိုင်ကယ် (၁၂)စီးကိုလည်း သိမ်းဆည်းရမိထားပါတယ်။ ဝယ်တဲ့ဟာတွေကိုလည်း စစ်ဆေးဖေါ်ထုတ်နေပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဆက်စပ်ပြီး အများကြီးဖေါ်ထုတ်သွားဖို့ ရှိပါတယ်"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၁၂)ရက်နေ့တွင် ပြောသည်။

လှည့်ကင်းရဲတပ်ဖွဲ့က သြဂုတ်လ (၁၁)ရက်နေ့ ညပိုင်းက မသင်္ကာဖွယ်တွေ့ရသည့် လူငယ်အမျိုးသား (၃)ဦးကို စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူရာတွင် အသုံးပြုသည့် cutter၊ ဂွင်း၊ ဂွစသည်တို့ဖြင့် တွေ့ရသဖြင့် စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူသူများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည့်အပြင် ခိုးယူသည့်ဆိုင်ကယ်များအား လက်ခံပြုပြင်ပေးသူ (၃)ဦးကိုပါ ထပ်မံဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

"အခုက ခိုးယူသူ (၃)ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ နဲ့ အမှုဖွင့်ထားပါတယ်။ ခိုးရာပါဆိုင်ကယ်တွေပြုပြင်တဲ့ (၃)ယောက်ကတော့ သက်သေခံပစ္စည်းဖျောက်ဖျက်မှုနဲ့ ထပ်ဖွင့်ပြီး ဒီအမှုတွဲထဲမှာ ပါမှာပေါ့"ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က ပြောသည်။

လက်ရှိတွင် ဆိုင်ကယ် ခိုးသူ လူငယ်အမျိုးသား (၃)ဦးနှင့် ဆိုင်ကယ်ပြုပြင်သည့် လူငယ် အမျိုးသား (၃)ဦးတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~