တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖေါက်သူ (၄)ဦးကို ထောင်ဒဏ် (၃)လစီချမှတ်

တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖေါက်သူ (၄)ဦးကို ထောင်ဒဏ် (၃)လစီချမှတ်
ဧပြီ 23, 2020
By Tachileik News Agency
တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖေါက်သူ (၄)ဦးကို ထောင်ဒဏ် (၃)လစီချမှတ်

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ချိုးဖေါက်သူ (၄)ဦးကို ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့တွင် ထောင်ဒဏ် (၃)လစီချမှတ်လိုက်ပြီဖြစ်သည်။

အားလုံးကို တရားစွဲထားတာပါ။ ပြစ်ဒဏ်ချလိုက်ပါပြီ။ ထောင်ဒဏ် (၃)လစီ ချမှတ်ပါတယ်

ဟု တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း ညမထွက်ရအမိန့်မှာ ဧပြီလ (၂၀)ရက်နေ့တွင် စတင်သက်ဝင်ချိန်မှစ၍  တာချီလိတ်မြို့နယ်အတွင်း ညစဉ် (၁၀)နာရီမှစ၍ လှည့်လည်စစ်ဆေးပြီး ပထမဆုံးနေ့တွင် နောက်ဆုံးသတိပေးခြင်းလုပ်ဆောင်ကာ အမိန့်မလိုက်နာသူ မည်သူ့ကိုမဆို ခြွင်းချက်မရှိ အရေးယူမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးထားခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ဧပြီလ (၂၂)ရက်နေ့ ည (၁၁)နာရီဝန်းကျင်က အမိန့်ချိုးဖေါက်သူ (၄)ဦးကို ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နှင့် ရန်အောင်မြေရပ်ကွက်တို့၌ ဖမ်းမိခဲ့ပြီး ဧပြီလ (၂၃)ရက်နေ့၌ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

တာလေနှင့် ကျိုင်းလပ်အပါအဝင် တာချီလိတ်မြို့နယ်အတွင်း ညမထွက်ရအမိန့်စတင်သက်ဝင်သည့် ဧပြီလ (၂၀)ရက်နေ့မှ ဇွန်လ (၂၂)ရက်နေ့အထိ ကာလအတွင်း ရပ်ကွက်များအလိုက် စောင့်ကြည့်စစ်ဆေးခြင်း၊ ကြီးကြပ်ရေးအဖွဲ့များက လိုက်လံစစ်ဆေးခြင်းများကို ညစဉ် (၁၀) နာရီမှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~