အာဏာသိမ်းစစ်အုပ်စုက ကရင်နီပြည်ရှိ တပ်စခန်းများထံ ရိက္ခာနှင့် ခဲယမ်းများကို SSS ပြည်သူ့စစ် နယ်မြေမှတဆင့် ပို့ဆောင်နေ၍ KA တပ်ဖွဲ့နှင့် စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွား

အာဏာသိမ်းစစ်အုပ်စုက ကရင်နီပြည်ရှိ တပ်စခန်းများထံ ရိက္ခာနှင့် ခဲယမ်းများကို SSS ပြည်သူ့စစ် နယ်မြေမှတဆင့် ပို့ဆောင်နေ၍ KA တပ်ဖွဲ့နှင့် စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွား
ဖေဖော်ဝါရီ 16, 2023 | 2021 Military Coup| ကယား| ရှမ်းတောင်

 

ရှမ်းပြည်နယ်တောင်ပိုင်းမှ ဆင်းလာသည့် အာဏာသိမ်းစစ်အုပ်စုနှင့် ကရင်နီတပ်မတော်(KA)တို့  ရှမ်း - ကရင်နီနယ်စပ်တွင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က (၅)ထက်မနည်းသေကြောင်း သိရသည်။

အာဏာသိမ်း စစ်အုပ်စုတပ်ဖွဲ့သည် လွိုင်ကော် - ရှား‌တောအကြားအထိ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ရန် အခြေအနေ မပေးသဖြင့် SSS (Southern Shan State)ပြည့်သူ့စစ်နယ်မှတဆင့် ပို့ဆောင်ရန် စီစဉ်နေခြင်းဖြစ်နိုင်ကြောင်း KA ဘက်က ဆိုသည်။

ဒါအပြင် SSS တပ်၏ အခြေပြုရာစခန်းတွင် မော်တော်ယာဉ် (၁၃)စီးနှင့် စစ်အင်အား(၂၀၀)ခန့်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီပထမပတ်ကရောက်ရှိပြီး ယခုအခါကရင်နီဖက်သို့ ဝင်ရောက်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

MTA ဟိုမိန်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်သာချောင်ချိရေး အဖွဲ့(SSS ပြည်သူ့စစ်)သည် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်က ဦးခွန်ဆာ ခေါင်းဆောင်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး ဦးမဟာဂျာမှ ဆက်လက် ခေါင်းဆောင်ကာ ဟိုမိန်းတွင် ဗဟိုဌာနချုပ်ထားရှိ၍ အခြေပြုနေထိုင်လျက်ရှိပြီး ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ ၄ ဖွဲ့ဖြင့် အသွင်ကူးပြောင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။