တာခ်ီလိတ္ႏွင့္နယ္စပ္ ထုိင္းႏိုင္ငံဘက္ျခမ္းတြင္ ျမန္မာဘက္မွ မူးယစ္ေဆးသယ္သည့္အဖြဲ႕ႏွင့္ ထုိင္းစစ္တပ္ ပစ္ခတ္မႈျဖစ္ပြား

တာခ်ီလိတ္ႏွင့္နယ္စပ္ ထုိင္းႏိုင္ငံဘက္ျခမ္းတြင္ ျမန္မာဘက္မွ မူးယစ္ေဆးသယ္သည့္အဖြဲ႕ႏွင့္ ထုိင္းစစ္တပ္ ပစ္ခတ္မႈျဖစ္ပြား
မေ 12, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ႏွင့္နယ္စပ္ တစ္ဖက္ ထုိင္းႏုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕တြင္ ျမန္မာနယ္စပ္ဘက္မွ မူးယစ္ေဆးသယ္လာသူ (၃၀)ခန္႔ ပါဝင္သည့္အဖြဲ႕ႏွင့္ ထုိင္းတပ္ဖြဲ႔တုိ႔အၾကား ပစ္ခတ္မႈျဖစ္ပြားၿပီး မူးယစ္ေဆးသယ္သူ (၄)ဦးေသဆံုးကာ ကတ္တမင္းမူးယစ္ေဆး (၃၄၀)ကီလိုဂရမ္ ဖမ္းမိလုိက္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံဘက္မွ နယ္စပ္ျဖတ္ေက်ာ္ မူးယစ္ေဆးသယ္မည့္အဖြဲ႕က မူးယစ္ေဆးပမာဏအမ်ားအျပား သယ္လာမည့္သတင္းအရ ထုိင္းစစ္တပ္က မယ္ဆိုင္ ေကာ့ခ်န္းအုပ္စုဘက္တြင္ ေစာင့္ဆုိင္းဖမ္းဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာပိုးအိတ္မ်ားျဖင့္ မူးယစ္ေဆးသယ္လာသည့္ အမ်ိဳးသား (၃၀)ပါဝင္သည့္အဖြဲ႕က ၂၀၁၉ ခုႏွစ္ ေမလ (၁၁)ရက္ေန႔ ည (၉)နာရီ (၁၅)မိနစ္ဝန္းက်င္တြင္ ထုိင္းနုိင္ငံဘက္ျခမ္းသို႔ ေရာက္ရိွ၍ စစ္ေဆးရန္ တားဆီးစဥ္ စတင္ပစ္ခတ္ရာမွ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္မႈမွာ (၁၀)မိနစ္ခန္႔ျဖစ္ပြားခဲ့ၿပီးေနာက္ နယ္စပ္ကိုျဖတ္ၿပီး ျမန္မာဘက္ျပန္ဝင္ေျပးသြားေၾကာင္း သိရသည္။

"မေန႔က မယ္ဆိုင္ေခ်ာင္းဘက္နားမွာ ေသနတ္သံ အခ်က္(၃၀)ေက်ာ္ေလာက္ၾကားလိုက္တယ္၊ ဘာေတြျဖစ္လဲဆိုတာကိုေတာ့ ကြ်န္ေတာ္တို႔လည္း သြားမၾကည့္ရဲလို႔ မၾကည့္လိုက္ဘူး၊"ဟု ျမန္မာဘက္က အမ်ဳိးသားတစ္ဦးမွ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းစစ္တပ္ႏွင့္ ေကာ္ခ်န္းရဲတပ္ဖြဲ႕တို႔က ေမလ (၁၂)ရက္ေန႔ နံနက္ပိုင္းတြင္ ပစ္ခတ္မႈျဖစ္ပြားရာဝန္းက်င္သို႔ သြားေရာက္စစ္ေဆးၾကရာ နယ္စပ္မွ မီတာ (၁၀၀)ခန္႔အကြာရိွ ေျပာင္းခင္းထဲတြင္ ေသဆံုးေနသူ (၄)ဦးႏွင့္ မူးယစ္ေဆးထည့္ထားသည့္ ေက်ာပိုးအိတ္ (၁၇)လံုးတုိ႔ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref:Bangkok Post
Photo: MGR



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နှင့်နယ်စပ် တစ်ဖက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာနယ်စပ်ဘက်မှ မူးယစ်ဆေးသယ်လာသူ (၃၀)ခန့် ပါဝင်သည့်အဖွဲ့နှင့် ထိုင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဆေးသယ်သူ (၄)ဦးသေဆုံးကာ ကတ်တမင်းမူးယစ်ဆေး (၃၄၀)ကီလိုဂရမ် ဖမ်းမိလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးသယ်မည့်အဖွဲ့က မူးယစ်ဆေးပမာဏအများအပြား သယ်လာမည့်သတင်းအရ ထိုင်းစစ်တပ်က မယ်ဆိုင် ကော့ချန်းအုပ်စုဘက်တွင် စောင့်ဆိုင်းဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

ကျောပိုးအိတ်များဖြင့် မူးယစ်ဆေးသယ်လာသည့် အမျိုးသား (၃၀)ပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ် မေလ (၁၁)ရက်နေ့ ည (၉)နာရီ (၁၅)မိနစ်ဝန်းကျင်တွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရောက်ရှိ၍ စစ်ဆေးရန် တားဆီးစဉ် စတင်ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုမှာ (၁၀)မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်ကိုဖြတ်ပြီး မြန်မာဘက်ပြန်ဝင်ပြေးသွားကြောင်း သိရသည်။

"မနေ့က မယ်ဆိုင်ချောင်းဘက်နားမှာ သေနတ်သံ အချက်(၃၀)ကျော်လောက်ကြားလိုက်တယ်၊ ဘာတွဖြေစ်လဲဆိုတာကိုတော့ ကျွန်တော်တို့လည်း သွားမကြည့်ရဲလို့ မကြည့်လိုက်ဘူး၊"ဟု မြန်မာဘက်က အမျိုးသားတစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းစစ်တပ်နှင့် ကော်ချန်းရဲတပ်ဖွဲ့တို့က မေလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားရာဝန်းကျင်သို့ သွားရောက်စစ်ဆေးကြရာ နယ်စပ်မှ မီတာ (၁၀၀)ခန့်အကွာရှိ ပြောင်းခင်းထဲတွင် သေဆုံးနေသူ (၄)ဦးနှင့် မူးယစ်ဆေးထည့်ထားသည့် ကျောပိုးအိတ် (၁၇)လုံးတို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း

Tachileik News Agency
Ref:Bangkok Post
Photo: MGR

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net