ပြည်မှ စရဖမိသားစုဝင် ၂ ဦးတွင် COVID 19 ပိုးတွေ့၍ ပြည် ကုတင် ၅၀၀ ဆေးရုံသို့ ပို့ထား

COVID 19 အတည်ပြုလူနာကို ကုတင် ၅၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ်
COVID 19 အတည်ပြုလူနာကို ကုတင် ၅၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ်
ပြည်မှ စရဖမိသားစုဝင် ၂ ဦးတွင် COVID 19 ပိုးတွေ့၍ ပြည် ကုတင် ၅၀၀ ဆေးရုံသို့ ပို့ထား
By Tachileik News Agency

ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့ စစ်ဆေးရုံတွင် စစ်ဆေးရာ COVID 19 ပိုးတွေ့သည်ဟု အဖြေထွက်သည့် အမျိုးသမီး (၂) ဦးကို ၂၀၂၁ ခုနှစ် မေလ (၁၆) ရက်နေ့က ပြည်ကုတင် ၅၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး (၂)ဦးမှာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) မိသားစုမှဖြစ်ပြီး အမျိုးသမီးတစ်ဦးမှာ AGD ဘဏ်ဝန်ထမ်းဟု သတင်းများထွက်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသမီဒီယာတစ်ခုဖြစ်သည့် Pyu Regional News က ဖေါ်ပြထားသည်။

အမျိုးသမီး (၂) ဦးက အနံ့ပျောက်နေ၍ ကုတင် ၁၀၀ စစ်ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ကြရာ COVID 19 ပိုးရှိကြောင်းအဖြေထွက်သဖြင့် ပျူနှလုံးသား လူမှုကယ်ဆယ်ရေးအသင်း - ပြည်မြို့က လူနာတင်ယာဉ်များဖြင့် ပြည်ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနေအိမ်တွင်ရှိသူများ အသွားအလာကန့်သတ်နေထိုင်ရေးအတွက်ကိုလည်း အဆိုပါ လူမှုကူညီရေးအသင်းက ပွင့်လှသိမ်ကုန်းပရဟိတအသင်းနှင့် ပူးပေါင်းကူညီခဲ့သည်ဟု သိရသည်။